Skip to Content

တုံ့ပြန်လုပ်ဆောင်သော နမူနာမဲပေးလွှာ

Interactive Sample Ballot

မဲစင်တာတွင် အချိန်သက်သာစေသည်

တုံ့ပြန်လုပ်ဆောင်သော နမူနာမဲပေးလွှာသည် မဲပေးသူများအား မဲစင်တာသို့မသွားမီ သူတို့၏ ‌ရွေးချယ်မှုများကို ဝင်ရောက်ကြည့်ရှုရန်၊ ပြန်လည်သုံးသပ်ရန်နှင့် အမှတ်အသားပြုလုပ်ရန် ခွင့်ပြုသော ရွေးချယ်စရာ ကိရိယာတစ်ခုဖြစ်သည်။ တုံ့ပြန်လုပ်ဆောင်သော နမူနာမဲပေးလွှာသည် အွန်လိုင်းကနေ မဲပေးခြင်းမဟုတ်ပါ၊ ထို့အပြင် ပုဂ္ဂိုလ်ရေးအရ သိနိုင်သည့် အချက်အလက်များကို သိမ်းဆည်းထားခြင်းမရှိပါ။ သင်၏ နမူနာမဲပေးလွှာကို သင်ဝင်ရောက်အသုံးပြုပြီးသည့်နှင့် သင်၏ ရွေးချယ်မှုအားလုံးကို သင်၏ ဖုန်း၊ ကွန်ပျူတာ သို့မဟုတ် ကိုယ်ပိုင် ကိရိယာတွင် သိမ်းဆည်းထားပါသည်။

မကြာခဏမေးသော မေးခွန်းများ

  • တုံ့ပြန်လုပ်ဆောင်သော နမူနာမဲပေးလွှာဆိုသည်မှာ ဘာလဲ။
    တုံ့ပြန်လုပ်ဆောင်သော နမူနာမဲပေးလွှာသည် ဒစ်ဂျစ်တယ်ပုံစံ သင်၏ နမူနာမဲပေးလွှာစာအုပ်ငယ်ဖြစ်ပြီး ၎င်းသည် သင့်အားရွေးချယ်မှုများ ပြုလုပ်ရန်နှင့် မဲပေးခွင့်ကတ်ကို ထုတ်လုပ်ပေးပါသည်။
  • မဲပေးခွင့်ကတ်ဆိုသည်မှာ ဘာလဲ။
    မဲပေးခွင့်ကတ်ဆိုသည်မှာ သင်၏ရွေးချယ်မှုများ ပါ၀င်သည့် QR ကုဒ်တစ်ခုဖြစ်ပါသည်။ မည်သည့် မဲပေးစင်တာတွင်မဆို သင်၏ ‌ရွေးချယ်မှုများကို မဲပေးခွင့်ကတ်မှတစ်ဆင့် မဲပေးလွှာအမှတ်အသားပြုလုပ်သည့်ကိရိယာသို့ လွှဲပြောင်းနိုင်ပါသည်။
  • ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မဲပေးခွင့်ကတ်တွင် သိမ်းထားပါသလား။
    မဟုတ်ပါ။ မဲပေးခွင့်ကတ်သည် သင်၏ မဲပေးလွှာအမျိုးအစားနှင့် ရွေးချယ်မှုများကိုသာ သိမ်းထားပါသည်။ သင်နဲ့ပတ်သက်သော မည်သည့် သတင်းအချက်အလက်ကိုမှ မသိမ်းဆည်းပါ။
  • ကျွန်ုပ်၏ရွေးချယ်မှုများသည် ကိုယ်ပိုင်အချက်အလက်ဖြစ်ပါသလား။
    ဟုတ်ပါသည်။ သင်၏ ရွေးချယ်မှုများသည် သင်၏မဲပေးခွင့်ကတ် သို့မဟုတ် သင်၏ကိုယ်ပိုင်ကိရိယာတွင်သာ သိမ်းထားပါသည်။
  • ကျွန်ုပ်သည် တုံ့ပြန်လုပ်ဆောင်သော နမူနာမဲပေးလွှာနှင့် မဲပေးခွင့်ကတ်ကို အသုံးပြုရန်လိုအပ်ပါသလား။
    မဟုတ်ပါ။ တုံ့ပြန်လုပ်ဆောင်သော နမူနာမဲပေးလွှာနှင့် မဲပေးခွင့်ကတ်တို့သည် မဲစင်တာ၌ သင်၏မဲပေးမှုကို မြန်ဆန်စေရန် ‌ရွေးချယ်စရာကိရိယာများ ဖြစ်ပါသည်။
  • မဲစင်တာကို ကျွန်ုပ်ဘယ်မှာ ရှာတွေ့နိုင်မလဲ။
    သင်သည် မဲစင်တာကို ရှာဖွေရန် ဒီကိုနှိပ်ပါ။
Icon - Close