Skip to Content

အဆင်ပြေစွာ အသုံးပြုနိုင်မှု

Los Angeles ကောင်တီ (ကောင်တီ) သည် ၎င်း၏ အင်တာနက်ပေါ်တင်ထားသောသတင်း (ဝက်ဘ်ဆိုက်) တွင်ပါရှိသော အချက်အလက်များကို လူတိုင်း လက်လှမ်းမီ ဝင်ရောက်ကြည့်ရှုနိုင်စေရန် ကတိပြုပါသည်။ ဝက်ဘ်ဆိုက်၏ဒီဇိုင်းသည် ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုနိုင်စွမ်းနှင့် အသုံးပြုနိုင်စွမ်းကို သေချာစေရန် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပြီး မသန်မစွမ်းသူများအတွက် ဝင်ရောက်ကြည့်ရှုနိုင်မှုစံနှုန်းများနှင့် အင်္ဂါရပ်များ ပါဝင်သောကြောင့် ၎င်းတို့သည် ဝက်ဘ်ဆိုက်ကို ကြည့်ရှုနိုင်၊ နားလည်နိုင်၊ ရှာဖွေနိုင်၊ တုံ့ပြန်နိုင်၊ ထိရောက်စွာ ပါဝင်အကြံပြုနိုင်ပါသည်။

ဝက်ဘ်ဆိုက်သည် လက်ရှိတွင် အသစ်နှင့် အဟောင်းနည်းပညာများ၊ အသစ်နှင့် တည်ဆဲအကြောင်းအရာများ ပေါင်းစပ်ထားသည်။ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာနှင့် ပံ့ပိုးပေးသည့် ဝက်ဘ်စာမျက်နှာများသည် ပြင်ဆင်ထားသည့် 1973 အမေရိကန်ပြည်ထောင်စု ပြည်လည်ထူထောင်ရေး အက်ဥပဒေ၏ ပုဒ်မ 508 နှင့် အမေရိကန် မသန်မစွမ်း အက်ဥပဒေ (အတူတကွ လမ်းညွှန်ချက်များ) နှင့် ကိုက်ညီပါသည်။ သို့သော်လည်း ဤဝက်ဘ်ဆိုက်တွင် ဌာနဆိုင်ရာ၊ အေဂျင်စီနှင့် တတိယအဖွဲ့အစည်းဝက်ဘ်ဆိုက်များနှင့် လမ်းညွှန်ချက်များနှင့် မကိုက်ညီသော အင်္ဂါရပ်များနှင့် ချိတ်ဆက်မှုများ ပါရှိသည်။ လက်ရှိအကြောင်းအရာအချို့သည် အနည်းဆုံး လိုအပ်သော လိုက်နာမှုစံနှုန်းများနှင့်သာ ကိုက်ညီနိုင်ပါသည်။ ဌာနများနှင့် အခြားသူများက သူတို့၏ လက်ရှိဝက်ဘ်ဆိုက်များကို ပြုပြင်မွမ်းမံပြီး လက်ခံနိုင်လောက်သော လိုက်နာကိုက်ညီမှုအဆင့်များကို စောင့်ကြည့်ထိန်းသိမ်းရန် ကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်နေစဥ်တွင် ဤပြဿနာကို ဖြေရှင်းသွားမည်ဖြစ်သည်။ သို့သော်၊ ၎င်းတွင် ကောင်တီမှ ထိန်းသိမ်းခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းမပြုသော တတိယအဖွဲ့အစည်း ဆော့ဖ်ဝဲ/ကိရိယာများ၊ ရှာဖွေရေးအင်ဂျင်များ၊ သီးခြားလုပ်ဆောင်ချက်ပေးသော ဆော့ဖ်ဝဲအသေးစား ဝစ်ဂျက်များ၊ အပိုလုပ်ဆောင်ချက်များ၊ ကွန်ပြူတာပရိုဂရမ်များ အချင်းချင်း ဆက်သွယ်ရန်နည်းလမ်းများ စသည်တို့ မပါဝင်နိုင်ပါ။

ဝက်ဘ်စာမျက်နှာများ ဆောက်လုပ်ရာတွင် အသုံးပြုသော ပရိုဂရမ်‌ရေးခြင်း ဘာသာရပ် Cascading ပုံစံစာရွက်များ (CSS)

အင်တာနက်ပေါ်တွင် အခြားဝက်ဘ်စာမျက်နှာများထံသို့ သွားရောက်ရန်လမ်းညွှန် (ပေါ်တယ်လ်) ဝဘ်စာမျက်နှာများကို ခေါင်းစီးများနှင့် စာကိုယ်စာသားများ၏ တသမတ်တည်း တူညီသောအသွင်အပြင်ကို ပေါ်လာစေသည့် ပုံစံစာရွက်များဖြင့် ဒီဇိုင်းရေးဆွဲထားသည်။ ဤဒီဇိုင်းအင်္ဂါရပ်ဖြင့် အချို့သောဘရောက်ဆာများသည် ပေါ်တယ်လ် စတိုင်စာရွက်များကို ၎င်းတို့၏ကိုယ်ပိုင်ပုံစံများဖြင့် အစားထိုးနိုင်စေပြီး အမြင်အာရုံချို့ယွင်းသူများအတွက် ပိုမိုလွယ်ကူစွာကြည့်ရှုနိုင်သော အကြောင်းအရာများကို ပံ့ပိုးပေးပါသည်။

အရောင်နှိုင်းယှဥ်မှု

ပေါ်တယ်လ် ဝက်ဘ်စာမျက်နှာများပေါ်ရှိ နောက်ခံနှင့် ရှေ့ဘက်အရောင်များ လုံလောက်သော ဆန့်ကျင်ခြားနားမှုသည် အရောင်ချို့ယွင်းနေသူတစ်ဦးကို မြင်နိုင်မှု ပေးစွမ်းသည်။

Icon - Close