Skip to Content

ရွေးကောက်ပွဲရလဒ်များ

ရွေးကောက်ပွဲညတွင် ရလဒ်များ ထုတ်ပြန်ခြင်း

ပထမအကြိမ် ရလဒ်များ
ည 8:30 နာရီမှ ည 8:45 နာရီ
ရွေးကောက်ပွဲနေ့ မတိုင်မီ ပြန်လည်ပေးပို့လာသော စာတိုက်မှမဲပေးခြင်းမဲပေးလွှာများအား စီမံဆောင်ရွက်ခြင်း။

ဒုတိယအကြိမ် ရလဒ်များ
ည 8:45 နာရီမှ ည 9:00 နာရီ
ရွေးကောက်ပွဲနေ့ မတိုင်မီ မဲစင်တာများတွင် မဲထည့်ထားသော မဲပေးလွှာများ။

ရွေးကောက်ပွဲညအတွက် မီဒီယာလမ်းညွှန်

ရွေးကောက်ပွဲညတစ်လျှောက်တွင် ဆက်လက်ထုတ်ပြန်မည့် ရလဒ်များ

ရွေးကောက်ပွဲနေ့တွင် မဲပေးထားသော မဲပေးလွှာများကို သယ်ယူပို့ဆောင်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ရေတွက်ခြင်းတို့ ပြုလုပ်နေစဉ် ညနေပိုင်းတစ်လျှောက် ရွေးကောက်ပွဲရလဒ်များ၏နောက်ဆုံးရအခြေအနေများအားဆက်လက်၍  ထုတ်ပြန်သွားမည်ဖြစ်သည်။

ည 8:00 နာရီတွင် မဲစင်တာများ ပိတ်ပြီးနောက် ရွေးကောက်ပွဲဝန်ထမ်းများသည် ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို အပြီးသတ်ဆောင်ရွက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများကို လုံခြုံစွာ သိမ်းဆည်းမည်ဖြစ်သည်။ ထို့နောက် မဲပေးလွှာများကို မဲစင်တာများမှ သတ်မှတ်ထားသော မဲစစ်ဆေးလက်ခံရေးစင်တာများသို့ သယ်ယူပို့ဆောင်မည်ဖြစ်သည်။ ထိုနေရာတွင် မဲပေးလွှာများကို ငြိမ်ဝမ်ပိပြားရေးရဲအရာရှိများထံ လွှဲပြောင်းပေးအပ်ပြီး မဲပေးလွှာစီမံဆောင်ရွက်ရေးစင်တာသို့ ပို့ဆောင်စေမည်ဖြစ်သည်။

မဲစင်တာများတွင် ရွေးကောက်ပွဲနေ့၌ မဲပေးထားသော မဲပေးလွှာများအားလုံးကို မဲပေးလွှာစီမံဆောင်ရွက်ရေးစင်တာသို့ ပို့ဆောင်ပြီး၊ ရေတွက်မှုနှင့် ရလဒ်တင်ပြမှုများ ပြီးဆုံးသည့်အခါ ရွေးကောက်ပွဲညအတွက် ပဏာမရလဒ်များကို ထုတ်ပြန်မည်ဖြစ်သည်။

ရွေးကောက်ပွဲညပြီးနောက်တွင် ရလဒ်များ ထုတ်ပြန်ခြင်း

ရွေးကောက်ပွဲညတွင် ထုတ်ပြန်သော ရွေးကောက်ပွဲရလဒ်များသည် နောက်ဆုံးအတည်ပြုရလဒ်များ မဟုတ်သေးပါ။ ရွေးကောက်ပွဲပြီးနောက် တရားဝင်မဲရလဒ် စိစစ်ရေတွက်အတည်ပြုရေးကာလအတွင်း မဲပေးလွှာများကို ဆက်လက်ရေတွက်ခြင်းနှင့် စစ်ဆေးအတည်ပြုခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

 

အောက်ပါ မဲပေးလွှာအမျိုးအစားများအား ရွေးကောက်ပွဲနေ့ပြီးနောက်တွင် ဆက်လက်လက်ခံစစ်ဆေးပြီး မဲရေတွက်မှု ပြုလုပ်သွားမည်ဖြစ်သည်-

  • ရွေးကောက်ပွဲနေ့မတိုင်မီနှင့် ရွေးကောက်ပွဲနေ့မှစ၍ ခုနစ် (7) ရက်အတွင်း လက်ခံရရှိထားသော စာတိုက်မှမဲပေးခြင်းမဲပေးလွှာများ
  • အခြေအနေမူတည် မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း(၎င်းနေ့တွင် မှတ်ပုံတင်ခြင်း) မဲပေးလွှာ
  • ယာယီမဲပေးလွှာများ
  • ထပ်မံစိစစ်ရန် သို့မဟုတ် အတည်ပြုရန် လိုအပ်သော မဲ‌ပေးလွှာများ

မည်သည့်အချိန်တွင် ရလဒ်များအား ထုတ်ပြန်ကြောင်းသိရှိရန် အောက်ပါ အချိန်ဇယားများကို ကြည့်ရှုပါ။

Icon - Close