Skip to Content

ဘာသာစကား အသုံးပြုခွင့် အကြံပေးကော်မတီ

Language Accessibility Advisory Committee

ဘာသာစကား အသုံးပြုခွင့် အကြံပေးကော်မတီ (LAAC) ကို 2017 ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဤကော်မတီ၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ဘာသာစကားအမျိုးမျိုးဖြင့် လွယ်ကူစွာ နားလည်ရယူအသုံးပြုနိုင်ခွင့်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မှတ်ပုံတင်အရာရှိ-မှတ်တမ်းယူသူ/ကောင်တီစာရေးရုံးအား အကြံဉာဏ်နှင့် အကူအညီများသည့်အပြင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စွာ မပြောဆိုနိုင်သော မဲဆန္ဒရှင်များအနေဖြင့်လည်း အခြားမဲဆန္ဒရှင်များနည်းတူ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးတွင် တန်းတူညီမျှ ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် နည်းဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရာတွင်လည်း ကူညီပံ့ပိုးပေးကြသည်။


တာဝန်များ

  • LAAC ၏ သုံးလတစ်ကြိမ် ကျင်းပသော အစည်းအဝေးများကို တက်ရောက်ခြင်း။ အစည်းအဝေးများကို တယ်လီဖုန်းမှတဆင့်လည်း တက်ရောက်နိုင်ပါသည်။ သို့သော် အစည်းအဝေးများကို အနည်းဆုံး လူကိုယ်တိုင် လာရောက်တက်ရောက်နိုင်ရန် အထူးတိုက်တွန်းထားပါသည်။
  • မဲစင်တာတွင် ဘာသာစကားဆိုင်ရာ လက်လှမ်းရနိုင်မှု အခက်အခဲများကို ဖြေရှင်းနိုင်ရန် အကြံဉာဏ်ပေးခြင်း
  • ဘာသာစကားအမျိုးမျိုးဖြင့် အသိပညာပေးခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို မြှင့်တင်ဆောင်ရွက်ခြင်း
  • မဲစင်တာတွင် ဘာသာစကားအမျိုးမျိုးဖြင့် ဝန်ဆောင်မှုပေးခြင်းအား စစ်တမ်းကောက်ယူရာတွင် ကူညီခြင်း
  • ဘာသာစကားနှစ်မျိုး ကျွမ်းကျင်သော မဲစင်တာဝန်ထမ်းများအတွက် သင်တန်းများနှင့် ပတ်သက်သည့် အကြံပြုချက်များ ပေးခြင်း
  • သတ်မှတ်ထားသော ဘာသာစကားများဖြင့် ရေးသားထားသည့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ပြန်လည်စစ်ဆေးရာတွင် မိမိ၏ ကျွမ်းကျင်မှုများဖြင့် ကူညီပေးခြင်း

အဖွဲ့ဝင်များ

ကော်မတီဝင်များကို ကြည့်ရှုရန် နှိပ်ပါ
  • Asian American Advancing Justice – Los Angeles
  • CA Common Cause
  • CAUSE
  • CHIRLA
  • City Clerk of Glendale
  • City Clerk of Pasadena
  • City Clerk of Sierra Madre
  • City of Bellflower
  • City of West Hollywood
  • Deputy Mayor of City of Bell
  • FarsiVote
  • Khmer Girls in Action
  • Korean American Coalition
  • L.A. City
  • LWV, Los Angeles
  • NALEO
  • NIAC (National Iranian American Council)
  • Pars Equality Center
  • South Asian Network
  • South Asian Network (SAN)
  • Thai CDC
  • UCP

အကြံပေးကော်မတီဝင်တစ်ဦးအဖြစ် ပါဝင်လိုပါက အောက်ပါဌာနသို့ ဆက်သွယ်နိုင်ပါသည်-

Special Services Outreach (အထူးဝန်ဆောင်မှုဆိုင်ရာ အသိပညာပေးရေးဌာန)

ဖုန်းနံပါတ်- (562) 462-2118

အီးမေးလ်- SpecialServicesOutreach@rrcc.lacounty.gov

Department of Registrar-Recorder/County Clerk

12400 Imperial Highway, Room 6205

Norwalk, CA 90650


ဘာသာစကား အသုံးပြုခွင့် အကြံပေးကော်မတီ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် သတ်မှတ်ချက်များ 

Icon - Close