Skip to Content

နောက်ထပ် သတင်းအချက်အလက်များ

ဥပဒေပြုလွှတ်တော်၏ ရည်ရွယ်ချက်မှာ မဲဆန္ဒရှင်မှတ်ပုံတင်ကျန်းကျိန်လွှာဖြည့်သွင်းရာတွင် မိမိပေးအပ်သော ကိုယ်ရေးအချက်အလက်များကို မည်သည့်ရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်ရှိသည်ကို မဲဆန္ဒရှင်တစ်ဦးချင်းစီက အပြည့်အဝ သိရှိနားလည်စေရန် ဖြစ်သည်။ (ELEC § 2157.1 ကို ကြည့်ပါ)

ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများသည် မဲစင်တာများ၊ မဲပေးလွှာပေါ်တွင် ပါဝင်မည့် ကိစ္စရပ်များနှင့် ကိုယ်စားလှယ်လောင်းများအစရှိသော မဲပေးခြင်းလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အချက်အလက်များအား သင့်ထံပေးပို့ရန် သင်၏ မဲဆန္ဒရှင်မှတ်ပုံတင်ကျမ်းကျိန်လွှာတွင် ဖော်ပြထားသော အချက်အလက်များကို အသုံးပြုမည်ဖြစ်သည်။ မဲဆန္ဒရှင်မှတ်ပုံတင်အချက်အလက်များကို စီးပွားရေးလုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းကို ဥပဒေအရ တားမြစ်ထားပြီး၊ ထိုသို့ပြုလုပ်ခြင်းသည် အသေးစားပြစ်မှုမြောက်သည်။ ပြည်နယ် အတွင်းရေးမှူးမှ ဆုံးဖြတ်သည့်အတိုင်း ရွေးကောက်ပွဲဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ သတင်းစာနယ်ဇင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ သို့မဟုတ် အစိုးရဆိုင်ရာ ရည်ရွယ်ချက်များအတွက် မဲဆန္ဒရှင်အချက်အလက်များကို ရုံးရာထူးနေရာအတွက် ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းတစ်ဦး၊ မဲပေးလွှာဆိုင်ရာ အဆိုပြုချက်ကော်မတီတစ်ခု သို့မဟုတ် အခြားပုဂ္ဂိုလ်တို့ထံ ပေးအပ်နိုင်သည်။ ယာဉ်မောင်းလိုင်စင်နံပါတ်၊ လူမှုဖူလုံရေးနံပါတ် သို့မဟုတ် သင်၏ မဲဆန္ဒရှင်မှတ်ပုံတင်ကတ်တွင် ဖော်ပြထားသော လက်မှတ်တို့ကို ၎င်းရည်ရွယ်ချက်များအတွက် ထုတ်ဖော်ပေးအပ်ခွင့်မရှိပါ။ အကယ်၍ သင်သည် မဲဆန္ဒရှင်အချက်အလက်အသုံးပြုမှုနှင့်ပတ်သက်ပြီး မေးစရာများရှိပါက သို့မဟုတ် အဆိုပါအချက်အလက်များကို အလွဲသုံးစားလုပ်သည်ဟု သံသယရှိပါက ပြည်နယ်အတွင်းရေးမှူး၏ မဲဆန္ဒရှင်ကာကွယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ဖုန်းနံပါတ် (800) 345-VOTE သို့ ကျေးဇူးပြု၍ ခေါ်ဆိုပါ။ 

အသက်အန္တရာယ်ခြိမ်းခြောက်ခံရသော အခြေအနေများနှင့် ရင်ဆိုင်နေရသည့် အချို့သော မဲဆန္ဒရှင်များသည် လျှို့ဝှက်မဲဆန္ဒရှင်အနေအထားရရှိရန် အရည်အချင်း ပြည့်မီနိုင်ပါသည်။ နောက်ထပ် အချက်အလက်များသိရှိရန်အတွက် ပြည်နယ်အတွင်းရေးမှူး၏ အိမ်၌ ဘေးကင်းလုံခြုံမှု အစီအစဥ်ကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။ (ELEC § 2157.2 ကို ကြည့်ပါ)

Icon - Close