ကျွန်ုပ်၏ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ရှာဖွေရန်
မဲပေးရန် အစီအစဉ် ဆွဲပါ
2026 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးရန် အစီအစဉ်ကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အသင့်ပြင်ဆင်ထားပါ။ မဲပေးနိုင်သည့် နည်းလမ်းများကို လေ့လာပါ၊ မဲပေးရမည့်နေရာကို ရှာဖွေပါ၊ မဲပေးနိုင်ရန် လိုအပ်သော အရင်းအမြစ်များကို ရယူပါ။
မဲပေးရန် အစီအစဉ် ဆွဲပါ
အထွေထွေရွေးကောက်ပွဲ 2026 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
မဲပေးလွှာအား ကြိုတင်ပြန်လည်ပေးပို့ပါ
စာတိုက်မှမဲပေးခြင်း မဲပေးလွှာများကို ပေးပို့ထားလျက်ရှိပြီး Los Angeles ကောင်တီတစ်ဝန်းတွင် လုံခြုံစိတ်ချရသော တရားဝင်မဲပေးလွှာထည့်ပုံး အလုံး 400 ကျော်အား အသုံးပြုနိုင်ပါသည်။
သင်၏မဲပေးလွှာအား လက်ခံရရှိပြီးနောက် လိုအပ်သောအချက်အလက်များကို ဖြည့်စွက်ပါ။ ထို့နောက် တရားဝင်ပြန်ပို့ စာအိတ်အတွင်း ထည့်ပါ။ စာအိတ်ပေါ်တွင် လက်မှတ်ရေးထိုးပြီး ရက်စွဲဖြည့်ပါ။ ထို့နောက် စာတိုက်မှဖြစ်စေ၊ တရားဝင်မဲပေးလွှာထည့်ပုံးတွင်ဖြစ်စေ ကြိုတင်ပြန်လည်ပေးပို့ပါ။
မဲပေးလွှာထည့်ပုံးကို ရှာဖွေရန်
လူကိုယ်တိုင် မဲပေးရန်
ဤရွေးကောက်ပွဲတွင် 2026 ခုနှစ်၊ အောက်တိုဘာလ 24 ရက်၊ စနေနေ့မှစတင်၍ လုံခြုံပြီး မသန်စွမ်းများအပါအဝင် လူတိုင်းအလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်သော လူကိုယ်တိုင်မဲပေးခြင်းကို ဆောင်ရွက်နိုင်ပါသည်။
နေ့ရက်များနှင့် အချိန်များ
- အောက်တိုဘာလ 24 ရက်မှ နိုဝင်ဘာလ 2 ရက်- နံနက် 10 နာရီမှ ည 7 နာရီ အထိ
- ရွေးကောက်ပွဲနေ့၊ နိုဝင်ဘာလ 3 ရက်- နံနက် 7 နာရီမှ ည 8 နာရီအထိ
မဲစင်တာတစ်ခုကို ရှာဖွေရန်
အစားထိုးမဲပေးလွှာတစ်ခုကို တောင်းခံပါ
ဤရွေးကောက်ပွဲအတွက် စာတိုက်မှမဲပေးခြင်းမဲပေးလွှာ အစားထိုးမဲပေးလွှာအား သင်၏ လက်ရှိနေထိုင်ရာလိပ်စာ သို့မဟုတ် ယာယီလိပ်စာသို့ ပေးပို့နိုင်ပါသည်။ ဤတောင်းဆိုမှုအား တစ်ကြိမ်သာ ပြုလုပ်နိုင်ပြီး သင်၏ မဲဆန္ဒရှင်မှတ်ပုံတင်အား ထာဝစဥ် ပြောင်းလဲသွားမည်မဟုတ်ပါ။ အစားထိုးမဲပေးလွှာအား တောင်းခံနိုင်သည့် နောက်ဆုံးရက်မှာ အောက်တိုဘာလ 27 ရက်၊ အင်္ဂါနေ့ ဖြစ်ပါသည်။
အစားထိုးမဲပေးလွှာတစ်ခုကို တောင်းခံပါ
ကိုယ်စားလှယ်လောင်းများ၏ ထုတ်ပြန်ချက်များကို လေ့လာပါ
သင်၏ မဲပေးလွှာတွင် ပါဝင်သော ကိုယ်စားလှယ်လောင်းများအကြောင်း ပိုမိုလေ့လာပါ။ ကောင်တီနှင့် ဒေသန္တရရာထူးများအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်များအတွက် အပိုဆောင်းအချက်အလက်အဖြစ် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းထုတ်ပြန်ချက်များကို အွန်လိုင်းမှတစ်ဆင့် တင်သွင်းနိုင်ပါသည်။
ကိုယ်စားလှယ်လောင်းထုတ်ပြန်ချက်များအား အွန်လိုင်းမှတဆင့်ကြည့်ရှုရန်
မဲပေးလွှာပေါ်ရှိ ကောင်တီစီမံချက်များကို ကြည့်ရှုရန်
2026 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်နေ့ အထွေထွေရွေးကောက်ပွဲ၏ မဲပေးလွှာတွင် ပါဝင်သော ကောင်တီစီမံချက်အတွက် အောက်ပါအချက်အလက်များကို လေ့လာပါ။
စီမံချက် A
စီမံချက် E