Skip to Content

တရားဝင် ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်မှုများ

ဤဗီဒီယိုသည် ပြည်သူများအား သတင်းအချက်အလက်ပေးရန် ရည်ရွယ်၍ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်နေသော ဗီဒီယိုဖြစ်ပါသည်။ ကောင်တီအုပ်ချုပ်ရေးအဖွဲ့မှ ဤဗီဒီယိုကို မှတ်တမ်းတင်ထားခြင်း သို့မဟုတ် သိမ်းဆည်းထားခြင်း မရှိပါ။ .

မဲရေတွက်ခြင်းဆိုင်ရာ လုပ်ငန်းများ

စာတိုက်မှမဲပေးခြင်းမဲပေးလွှာများနှင့် မဲစင်တာများတွင် အသုံးပြုသည့် မဲများကို ဗဟိုမဲရေတွက်ရေးဌာနတွင် စကင်ဖတ်၍ ရေတွက်ခြင်း။ ရွေးကောက်ပွဲနေ့ ည 8:00 နာရီတွင် မဲစင်တာအားလုံး ပိတ်သိမ်းပြီးမှသာ တရားဝင်မဲရေတွက်ခြင်းနှင့် ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ခြင်းတို့ကို စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

မဲရေတွက်ရေး လုပ်ငန်းဆောင်ရွက်မှု ကင်မရာ 1


မဲရေတွက်ရေး လုပ်ငန်းဆောင်ရွက်မှု ကင်မရာ 2

စာတိုက်မှမဲပေးခြင်း လုပ်ငန်းဆောင်ရွက်မှုများ

စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့လာသော မဲပေးလွှာတိုင်းအား လက်မှတ်စစ်ဆေးသည့် စက်များဖြင့် စစ်ဆေးပါသည်။ ထိုသို့စစ်ဆေးရာတွင် မဲပေးလွှာပြန်ပို့သည့် စာအိတ်ပေါ်ရှိ လက်မှတ်ကို မဲဆန္ဒရှင်၏ မှတ်တမ်းတွင် သိမ်းဆည်းထားသော လက်မှတ်နှင့် နှိုင်းယှဉ်စစ်ဆေးပါသည်။ မဲပေးလွှာတစ်စောင် ပျက်စီးနေပါက မဲဆန္ဒရှင် မူလအတိုင်း မဲပေးထားသည့်အတိုင်း တိတိကျကျ ပြန်လည်ပြုလုပ်နိုင်ရန် မဲပေးလွှာပြန်လည်ပြုလုပ်ရေးဌာနသို့ ပေးပို့ပါသည်။ လက်မှတ်စစ်ဆေးမှု အောင်မြင်ပြီးသော မဲဲပေးလွှာများကို စာအိတ်အတွင်းမှ ထုတ်ယူပါသည်။ ထို့နောက် မဲပေးလွှာများအား ပြန်လည်စစ်ဆေးပြီး ရွေးကောက်ပွဲညတွင် မဲရေတွက်နိုင်ရန် စီစဉ်ပြင်ဆင်ထားပါသည်။

စာတိုက်မှတဆင့် ရောက်ရှိလာသော မဲပေးလွှာများအား စောင့်ကြည့်သည့် ကင်မရာ


စာတိုက်မှမဲပေးခြင်းမဲပေးလွှာရှိ လက်မှတ်များအား စစ်ဆေးသည့် ကင်မရာ

စာတိုက်မှမဲပေးခြင်းမဲပေးလွှာအား စာအိတ်တွင်းမှ ထုတ်ယူသည့် လုပ်ငန်းစဥ်အား စောင့်ကြည့်သည့် ကင်မရာ

ပျက်စီးသွားသော စာတိုက်မှမဲပေးခြင်း မဲပေးလွှာအား ပြန်လည်ပြုလုပ်သည့် လုပ်ငန်းစဥ်အား စောင့်ကြည့်သည့် ကင်မရာ

မဲပေးလွှာများ လက်ခံခြင်းနှင့် စစ်ဆေးအတည်ပြုခြင်း

မဲစင်တာများမှ ပြန်လည်ပေးပို့လာသော မဲပေးလွှာများအား လုံခြုံစိတ်ချစွာ လက်ခံရယူပြီး သိုလှောင်သိမ်းဆည်းရာနေရာသို့ ပို့ဆောင်ကာ မဲရေတွက်ရန် ကြိုတင်ပြင်ဆင်ထားပါသည်။ ယာယီမဲပေးလွှာနှင့် မဲပေးသည့်နေ့တွင် အခြေအနေအလိုက် မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်ထားသူများ၏ မဲပေးလွှာများအားလုံးကို စစ်ဆေးပြီးမှသာ မဲရေတွက်ရေးဌာနသို့ ပေးပို့ပါသည်။

မဲပေးလွှာလက်ခံရယူခြင်း


မဲလက်မှတ်များ လက်ခံခြင်းနှင့် စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းများအား စောင့်ကြည့်သည့် ကင်မရာ


မဲပေးလွှာများ စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းများအား စောင့်ကြည့်သည့် ကင်မရာ

Icon - Close