Skip to Content

မိုဘိုင်း မဲစင်တာ အစီအစဥ်

Mobile Vote Center

အစီအစဥ်အကြောင်းအရာ

ကောင်တီအနေဖြင့် လူတိုင်းအတွက် မဲပေးခြင်းဆိုင်ရာဖြေရှင်းချက်များ (VSAP) ဟုခေါ်သော မဲပေးစနစ်အသစ်ကို စတင်အကောင်အထည်ဖော်ခဲ့သည့် 2020 ခုနှစ်တွင် မိုဘိုင်းမဲစင်တာအစီအစဉ်ကို စတင်ခဲ့ပါသည်။ ဤအစီအစဉ်သည် ရပ်ရွာလူထုအခြေပြု ချဉ်းကပ်မှုကို အသုံးပြုပြီး ကောင်တီတစ်ဝန်းရှိ မိတ်ဖက်အဖွဲ့အစည်းအမျိုးမျိုးနှင့် ပူးပေါင်းကာ မဲဆန္ဒရှင်များထံ မဲပေးခြင်းအတွေ့အကြုံကို ဆောင်ကြဥ်းလာပေးသည့် အစီအစဉ်ဖြစ်ပါသည်။

မိုဘိုင်းမဲစင်တာတွင် မဲပေးခြင်းအတွေ့အကြုံသည် သာမန်ရိုးကျမဲစင်တာ၌ မဲဆန္ဒရှင်များ ရရှိသည့် အတွေ့အကြုံနှင့် ဆင်တူပါသည်။ တူညီသော လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ပြီး တူညီသော စက်ပစ္စည်းများကို အသုံးပြုပါသည်။

မိုဘိုင်းမဲစင်တာ၏ အချိန်ဇယားကို ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ။

မိုဘိုင်းမဲစင်တာတစ်ခုအား လက်ခံကျင်းပခြင်း

ကျွန်ုပ်တို့၏ရုံးသည် မိမိတို့၏အဆောက်အအုံနေရာတွင် မိုဘိုင်းမဲစင်တာတစ်ခုကို လက်ခံကျင်းပရန် စိတ်ဝင်စားသော အဖွဲ့အစည်းအမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အစဉ်အမြဲ ရှာဖွေလျက်ရှိပါသည်။ အထူးသဖြင့် အောက်ပါအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားပါသည်-

  • ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းများ
  • အစားအသောက်ဝန်ဆောင်မှု/ဖြန့်ဖြူးရေးလုပ်ငန်းများမှ ဝန်ထမ်းများ
  • သယ်ယူပို့ဆောင်ရေးစင်တာများ
  • အများပြည်သူသုံး အခြေခံဝန်ဆောင်မှုလုပ်ငန်းများ (ဥပမာ - လျှပ်စစ်၊ ရေနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ)
  • အိုးမဲ့အိမ်မဲ့ဖြစ်နေသူများအတွက် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများ
  • မသန်စွမ်းသူများအတွက် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများ

လိုအပ်ချက်များ

မိုဘိုင်းမဲစင်တာကို ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး တစ်ရက် လာရောက်ဖွင့်လှစ်ပေးရပါမည်။ ထိုနေ့တွင် မဲစင်တာကို အနည်းဆုံး 4 နာရီ ဖွင့်လှစ်ထားရမည်ဖြစ်ပြီး လိုအပ်ပါက 8 နာရီအထိ ဖွင့်လှစ်ပေးနိုင်ပါသည်။ မဲဆန္ဒရှင်များနှင့် ပါဝင်ပတ်သက်သူအားလုံး ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရန် လက်ရှိကျန်းမာရေးနှင့် အများပြည်သူဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအားလုံးကို လိုက်နာဆောင်ရွက်မည်ဖြစ်ပါသည်။

မိုဘိုင်းမဲစင်တာတစ်ခု လက်ခံကျင်းပရန်အတွက် ယာဥ်ရပ်နားရန်နေရာ သို့မဟုတ် အများပြည်သူသုံး ရင်ပြင်ကဲ့သို့သော ပြင်ပနေရာ စတုရန်းပေ 2,200 အနည်းဆုံးရှိရန် လိုအပ်ပါသည်။ ထို့အပြင် ကောင်တီ၏ယာဉ်များအတွက် ယာဥ်ရပ်နားရန်နေရာ 4 နေရာမှ 5 နေရာအထိ စီစဉ်ပေးရမည်ဖြစ်ပြီး ဖြစ်နိုင်ပါက အိမ်သာအသုံးပြုခွင့်လည်း ရှိရပါမည်။ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ကွန်ရက်တို့ကို မိုဘိုင်းမဲစင်တာအစီအစဉ်မှ ပံ့ပိုးစီစဉ်ထားပါသည်။

မိုဘိုင်းမဲစင်တာအဖြစ် လက်ခံကျင်းပရန် လျှောက်ထားခြင်း

ဤအစီအစဉ်သည် လူကြိုက်များသောကြောင့် မိုဘိုင်းမဲပေးရက်များကို နေရာလွတ်ပေါ် မူတည်၍ ဦးရာသူစနစ်ဖြင့် သတ်မှတ်ပေးပါမည်။ ထို့ကြောင့် မိမိလိုချင်သတ်မှတ်ထားသော ရက်များရရန် အာမ မခံနိုင်ပါ။

ကျေးဇူးပြု၍ သတိပြုပါ။ မိုဘိုင်းမဲပေးခြင်းအစီအစဉ်ကို နိုဝင်ဘာလ 3 ရက်နေ့မတိုင်မီ 10 ရက်တာကာလအတွင်းသာ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာလ 3 ရက်နေ့တွင် ဝန်ဆောင်မှု မရရှိနိုင်ပါ။ မိုဘိုင်းမဲစင်တာနှင့် Flex မဲပေးဝန်ဆောင်မှုများကို 2026 ခုနှစ်၊ အောက်တိုဘာလ 24 ရက် (စနေနေ့) မှ နိုဝင်ဘာလ 2 ရက် (တနင်္လာနေ့) အထိသာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ဤဝန်ဆောင်မှုများကို ရရှိနိုင်မည်မဟုတ်ပါ။

မိုဘိုင်းမဲစင်တာအဖြစ် လက်ခံကျင်းပရန် ဤနေရာကို နှိပ်ပါ။  

သင့်ထံတွင် မေးခွန်းများရှိပါက Caroline ဆီသို့ ဤအီးမေးလ် ckim2@rrcc.lacounty.gov မှတဆင့် ဆက်သွယ်နိုင်ပါသည်။

Icon - Close