Skip to Content

Los Angeles ကောင်တီတွင် စာတိုက်ဖြင့် မဲပေးခြင်း

Vote by Mail Notices

လုံခြုံသော၊ မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော၊ နှစ်သက်သော မဲပေးရွေးချယ်မှုတစ်ခု

Los Angeles ကောင်တီတွင် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်အားလုံးဆီသို့ စာတိုက်မှမဲပေးခြင်းမဲပေးလွှာတစ်စောင်ကို စာတိုက်မှတဆင့် ပို့ပေးလိမ့်မည်။ သင်၏ စာတိုက်မှ မဲပေးခြင်းမဲပေးလွှာကို ပြန်ပေးပို့ခြင်းဖြင့် သင့်အိမ်မှ လုံခြုံစွာ မဲပေးနိုင်ပါသည်။

စာတိုက်မှမဲပေးခြင်း မဲပေးလွှာအား ရွေးကောက်ပွဲနေ့ မတိုင်မီ 29 ရက် ထက်နောက်မကျဘဲ  စတင်ပေးပို့သွားမည်ဖြစ်သည်။

သင့်မဲပေးလွှာအား ပြန်ပေးပို့နိုင်ပုံ

သင်၏ မဲပေးလွှာအား ပြန်ပေးပို့နိုင်သည့် အောက်ပါ ရွေးချယ်စရာများရှိပါသည်-

ရွေးကောက်ပွဲနေ့တွင် သင်၏မဲပေးလွှာအား စာတိုက်တံဆိပ်ခတ်နှိပ်ထားပြီး 7 ရက် အတွင်း ( EC ၊ § 3020 (b) ) ကျွန်ုပ်တို့ဌာနမှ လက်ခံရရှိခဲ့လျှင် ကျွန်ုပ်တို့သည် ၎င်းမဲပေးလွှာအား စီမံဆောင်ရွက်၊ စစ်ဆေးအတည်ပြုပြီးပါက ထည့်သွင်းရေတွက်ပါလိမ့်မည်။ အချိန်မီလက်ခံရရှိမှုကို သေချာစေရန်၊ ရွေးကောက်ပွဲနေ့မတိုင်မီ အနည်းဆုံး 7 ရက်ထက်‌နောက်မကျဘဲ စာတိုက်မှတဆင့် ပြန်ပေးပို့ရန် ကျွန်ုပ်တို့ အကြံပြုပါသည်။

သင့်အသိုင်းအဝိုင်းကို ကူးယူပြီး မျှဝေပေးပါ– စာတိုက်မှမဲပေးခြင်းမဲပေးလွှာအား မည်သို့ပြန်ပေးပို့နိုင်ပုံ

သင့်မဲပေးလွှာအား ခြေရာခံနိုင်ပုံ

ကိုယ်ပိုင်စာတိုမက်ဆေ့ချ်၊ အီးမေးလ်နှင့်/သို့မဟုတ် အလိုအလျောက် အသံမက်ဆေ့ချ်များကို သင်၏ စာတိုက်မှမဲပေးခြင်း မဲပေးလွှာအား ကျွန်ုပ်၏ မဲပေးလွှာဘယ်မှာလဲဆိုတာကို Subscribe လုပ်ခြင်းအားဖြင့် လက်ခံရရှိနိုင်ပါသည်။ ၎င်းသည် မဲပေးရန်မှတ်ပုံတင်ထားသူအားလုံးအတွက် ရရှိနိုင်သော အခမဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သင်၏ မဲပေးလွှာဘယ်နေရာရောက်ရှိနေသလဲ သို့မဟုတ် ၎င်းအား လက်ခံရရှိရန် မျှော်လင့်နိုင်သည့် အချိန်အပေါ် နောက်ဆုံးရ သတင်းအချက်အလက် များအား ပေးပို့သွားမည်ဖြစ်သည်။

ကျွန်ုပ်၏မဲပေးလွှာ ဘယ်မှာလဲဆိုတာကို SUBSCRIBE လုပ်ထားပါ

သင့်မဲပေးလွှာအား လက်ခံရရှိပြီး ရေတွက်ထားမှုရှိမရှိ စစ်ဆေးပါ

မဲဆန္ဒရှင်များသည် ၎င်းတို့၏ မဲပေးလွှာအား လက်ခံရရှိခဲ့ပြီး ရေတွက်ခဲ့ကြောင်းကို စာတိုက်မှမဲပေးခြင်း အခြေအနေပြ ကိရိယာမှတဆင့် အတည်ပြုနိုင်သည်။ 

စာတိုက်မှမဲပေးခြင်းအခြေအနေပြ အက်ပလီ‌ကေးရှင်းကို ညစဥ်ညတိုင်း နောက်ဆုံးရအခြေအနေဖြစ်နေ‌အောင် ပြုလုပ်ထားပါသည်။ အကယ်၍ သင်သည် Ballot Trax ‌ခေါ် မဲ‌ပေးလွှာ ခြေရာခံကိရိယာမှ အသိပေးချက်တစ်ခုကို လက်ခံရရှိခဲ့လျှင် VBM အခြေအနေပြ အက်ပလီ‌ကေးရှင်းသည် နောက်တစ်နေ့တွင် သင်၏ မဲပေးလွှာအခြေအနေကို ပြသပါလိမ့်မည်။ 

စာတိုက်မှ မဲပေးခြင်းမဲပေးလွှာကို ယူပေးရန် ကိုယ်စားလှယ်တစ်ဦး လိုအပ်ပါသလား။

စာတိုက်မှ မဲပေးခြင်းမဲပေးလွှာကို ယူပေးရန် ကိုယ်စားလှယ်တစ်ဦး လိုအပ်ပါက သို့မဟုတ် လိုအပ်သော မဲဆန္ဒရှင်များ သည် ကိုယ်စားလှယ်အစားထိုး စာတိုက်မှမဲပေးခြင်းမဲပေးလွှာလျှောက်လွှာအား ဖြည့်စွက်ပြီး ပြန်လည်ပေးပို့ရမည်။

ကိုယ်စားလှယ်၏ထုတ်ပြန်ချက် (အဆင့် 8) ကို မှတ်ပုံတင်ဝန်ထမ်းရှေ့မှောက်တွင် လက်မှတ်ရေးထိုးရန် လိုအပ်သည်။ ဤ လျှောက်လွှာကို မဲဆန္ဒရှင်၏ ကိုယ်စားလှယ်မှ မှတ်ပုံတင်အရာရှိ-မှတ်တမ်းယူသူ/ကောင်တီစာရေးထံသို့ လူကိုယ်တိုင် လာပေးရမည်ဖြစ်သည်။ မဲဆန္ဒရှင်၏ ကိုယ်စားလှယ်အား မဲဆန္ဒရှင်၏ စာတိုက်မှမဲပေးခြင်းအစားထိုးမဲပေးလွှာကို နေ့ချင်းပြီးထုတ်ပေးသွားမည်ဖြစ်သည်။ 

စာရွက်လျှောက်လွှာအား ပြန်ပို့ပေးခြင်း

စာရွက်လျှောက်လွှာများအား Los Angeles ကောင်တီ မှတ်ပုံတင်အရာရှိ-မှတ်တမ်းယူသူ/ ကောင်တီစာရေးထံသို့ ပြန်ပို့ပေးရမည်။ ကျွန်ုပ်တို့၏ရုံးက ဤလျှောက်ထားမှုကို လက်ခံဆောင်ရွက်လိုက်သည်နှင့်တပြိုင်နက်၊ စာတိုက်မှ မဲပေးခြင်းမဲပေးလွှာ အသစ်တစ်စောင်အား လျှောက်လွှာတွင်ပါရှိသော လိပ်စာသို့ ပြန်ပို့ပေးလိမ့်မည်။

အဆင်ပြေစေနိုင်သော ပြန်ပို့နည်းလမ်းများ အောက်တွင် ပါရှိသည်–

Vote by Mail

Registrar-Recorder/County Clerk

PO Box 54187

Los Angeles, CA 90099-4684

 

အခြားဘာသာစကားတစ်မျိုးမျိုးဖြင့် မဲပေးရန် လျှောက်ထားနိုင်ပါသည်

L.A. ကောင်တီသည် ဘာသာစကား အပြည့်အစုံ ဝန်ဆောင်မှုနှင့်/သို့မဟုတ် ဘာသာစကား 18 မျိုးအထိ ကူညီထောက်ပံ့မှု ပေးထားပါသည်။

အခြားဘာသာစကားဖြင့် သင်၏ မဲပေးလွှာ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များအား တောင်းခံနိုင်ရန်အတွက် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ဘာသာစကားပေါင်းစုံ ဝန်ဆောင်မှု ကဏ္ဍ 800-815-2666 လိုင်းခွဲ 3 သို့ ခေါ် ဆိုပါ။

လက်မှတ်စစ်ဆေးခြင်းနှင့် စာတိုက်မှ မဲပေးခြင်းမဲပေးလွှာပေါ်ရှိ လက်မှတ်ပျောက်ဆုံးခြင်း

နှစ်ပေါင်းများစွာ ကြာလွန်လာသည်နှင့်အမျှ သင်တို့၏လက်မှတ်သည်လည်း ပြောင်းလဲသွားမည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ သင်၏ စာတိုက်မှ မဲပေးခြင်းမဲပေးလွှာ စာအိတ်ပေါ်ရှိလက်မှတ်သည် ကျွန်ုပ်တို့၏ မဲဆန္ဒရှင်မှတ်ပုံတင် ဒေတာဘေ့စ်တွင်ရှိသော လက်မှတ်နှင့် မကိုက်ညီလျှင် သို့မဟုတ် စာအိတ်ကို လက်မှတ်ထိုးထားခြင်းမရှိဘဲ သင်၏ မဲပေးလွှာကို ပြန်လည်ပေးပို့ခဲ့လျှင် ကျွန်ုပ်တို့ သည် သင့်အား စာတိုက်မှတဆင့် အသိပေးပါလိမ့်မည်။ မကိုက်ညီသော သို့မဟုတ် လက်မှတ် ထိုးမထားသော မဲပေးလွှာ တစ်ခုဖြစ်နေပါက လက်မှတ် အတည်ပြုမှုနှင့် လက်မှတ် ထိုးမထားသော မဲပေးလွှာစာအိတ်ထုတ်ပြန်ချက်ကို ဖြည့်စွက်ပြီး ကျွန်ုပ်တို့ထံပြန်ပို့ရန် သင့်အားတောင်းဆိုပါမည်။

သင်၏အထောက်အထားကို စစ်ဆေးရန်နှင့် မဲပေးလွှာအား ဆောင်ရွက်ရန် သင်၏ လက်မှတ် လိုအပ်ပါသည်။

Icon - Close