Skip to Content

မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်း

Interactive Sample Ballot

မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်း မဲပေးလွှာတစ်ခုသည် မဲဆန္ဒရှင်များအား ၎င်းတို့၏ ကိုယ်ပိုင်ကိရိယာများပေါ်တွင် လွတ်လွတ်လပ်လပ်နှင့် သီးသီးသန့်သန့် အသုံးပြုနိုင်၊ ဖတ်ရှုနိုင်သည့်အပြင် အမှတ်အသား ပြုနိုင်စွမ်းတို့ကို ခွင့်ပြုထားသည်။

သင့်မဲပေးလွှာအား ပြန်ပေးပို့နိုင်ပုံ

မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်း မဲပေးလွှာကို အသုံးပြုသော မဲဆန္ဒရှင်များသည် ၎င်းတို့ ပုံနှိပ်ထားသော မဲပေးလွှာကို တရားဝင် ပြန်ပို့ စာအိတ်ထဲသို့ ထည့်ပြီး ပြန်လည်ပေးပို့ရမည်။

သင်၏ မဲပေးလွှာကို မည်သို့ ပြန်ပေးပို့နိုင်ကြောင်း ရွေးချယ်စရာများစွာရှိသည်-

  • စာတိုက်မှတဆင့် မဲပေးလွှာကို ပြန်လည်ပေးပို့ပါက စာပို့ခပေးရန်မလိုကြောင်း သတိရပါစေ
  • စာတိုက်မှမဲပေးခြင်းမဲပေးလွှာ မဲထည့်ပုံးတည်နေရာများရှိသည့် မည်သည့်နေရာတွင်မဆို လူကိုယ်တိုင် ပြန်ပေးပို့နိုင်သည်
  • L.A. ကောင်တီရှိ မည်သည့် မဲစင်တာတွင်မဆို

ရွေးကောက်ပွဲနေ့တွင် သင်၏မဲပေးလွှာအား စာတိုက်တံဆိပ်ခတ်နှိပ်ထားပြီး 7 ရက် အတွင်း (EC ၊ § 3020(b).) ကျွန်ုပ်တို့ဌာနမှ လက်ခံရရှိခဲ့ပါက ကျွန်ုပ်တို့သည် ၎င်းမဲပေးလွှာအား စီမံဆောင်ရွက်၊ စစ်ဆေးအတည်ပြုပြီးပါက ထည့်သွင်းရေတွက်ပါလိမ့်မည်။

သင့်အသိုင်းအဝိုင်းကို ကူးယူပြီး မျှဝေပေးပါ– စာတိုက်မှမဲပေးခြင်းမဲပေးလွှာအား မည်သို့ပြန်ပို့နိုင်ပုံ

သင်၏ တရားဝင်ပြန်ပို့စာအိတ် ပျောက်သွားပါသလား။

တရားဝင်ပြန်ပို့စာအိတ် ပျောက်ဆုံးသွားသော မဲဆန္ဒရှင်များသည် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်-

  • သင်၏ မဲပေးထားသော မဲပေးလွှာနှင့်အတူ မဲပေးလွှာ ကတိသစ္စာပြုချက်ပုံစံအား ပုံနှိပ်ပြီး၊ ဖြည့်စွက်ကာ ပြန်လည်ပေးပို့ပါ
  • သင့်ကိုယ်ပိုင်စာအိတ်ထဲတွင် ပုံနှိပ်ထားသော မဲပေးလွှာကတ်များနှင့်အတူ မဲပေးလွှာ ကတိသစ္စာပြုချက်ပုံစံကိုပါ တစ်ပါတည်း ထည့်ထားပါ
  • မဲပေးထားသော မဲပေးလွှာကို မဲပေးလွှာ ကတိသစ္စာပြုချက်ပုံစံနှင့်အတူ အောက်ပါလိပ်စာအတိုင်း စာတိုက်သို့တစ်ပါတည်း ပေးပို့ပါ-

    County of Los Angeles
    Registrar-Recorder/County Clerk
    12400 Imperial Highway
    ATTN: Vote by Mail Unit
    Norwalk, CA 90650
  • မည်သည့် တရားဝင် မဲပေးလွှာထည့်ပုံး တွင်မဆို သွားရောက် ပေးပို့နိုင်ပါသည်
  • (မဲစင်တာ ဖွင့်နေစဉ်) မည်သည့် မဲစင်တာတွင်မဆို ပေးပို့နိုင်ပါသည်

သင်၏ မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်းကို ပြန်လည် သုံးသပ်ပါ

မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်း မဲပေးလွှာတစ်ခုသည် မဲဆန္ဒရှင်များအား ၎င်းတို့၏ ကိုယ်ပိုင်ကိရိယာများပေါ်တွင် လွတ်လွတ်လပ်လပ်နှင့် သီးသီးသန့်သန့် အသုံးပြုနိုင်၊ ဖတ်ရှုနိုင်သည့်အပြင် အမှတ်အသား ပြုနိုင်စွမ်းတို့ကို ခွင့်ပြုထားသည်။ မဲဆန္ဒရှင်သည် ၎င်းတို့၏ ရွေးချယ်မှုများကို ပြန်လည်သုံးသပ်ပြီးနောက်၊ မဲပေးလွှာကို ပုံနှိပ်ပြီး ၎င်း၏တရားဝင်ပြန်ပို့စာအိတ်ထဲ ထည့်ရမည့်အပြင် စာတိုက်မှတဆင့် ပြန်လည်ပေးပို့ရမည် သို့မဟုတ် L.A. ကောင်တီရှိ မည်သည့် မဲပေးလွှာထည့်ပုံး သို့မဟုတ် မဲစင်တာတွင်မဆို ပေးပို့ရမည်။

စတင်လိုက်ပါ

သင့်မဲပေးလွှာအား ခြေရာခံနိုင်ပုံ

ကိုယ်ပိုင်စာတိုမက်ဆေ့ချ်၊ အီးမေးလ်နှင့်/သို့မဟုတ် အလိုအလျောက် အသံမက်ဆေ့ချ်များကို သင်၏ စာတိုက်မှမဲပေးခြင်း မဲပေးလွှာအား ကျွန်ုပ်၏ မဲပေးလွှာဘယ်မှာလဲဆိုတာကို Subscribe လုပ်ထားခြင်းအားဖြင့် လက်ခံရရှိနိုင်ပါသည်။ ၎င်းသည် မဲပေးရန်မှတ်ပုံတင်ထားသူအားလုံးအတွက် ရရှိနိုင်သော အခမဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သင်၏ မဲပေးလွှာဘယ်နေရာရောက်ရှိနေသလဲ သို့မဟုတ် ၎င်းအား လက်ခံရရှိရန် မျှော်လင့်နိုင်သည့် အချိန်အပေါ် နောက်ဆုံးရ သတင်းအချက်အလက်များအား ပေးပို့သွားမည်ဖြစ်သည်။

 

ကျွန်ုပ်၏မဲပေးလွှာ ဘယ်မှာလဲဆိုတာကို SUBSCRIBE လုပ်ထားပါ

သင့်မဲပေးလွှာအား လက်ခံရရှိပြီး ရေတွက်ထားမှုရှိမရှိ စစ်ဆေးပါ

မဲဆန္ဒရှင်များသည် ၎င်းတို့၏ မဲပေးလွှာအား လက်ခံရရှိခဲ့ပြီး ရေတွက်ခဲ့ကြောင်းကို စာတိုက်မှမဲပေးခြင်း အခြေအနေပြ ကိရိယာမှတဆင့် အတည်ပြုနိုင်သည်။ 

မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်းမဲပေးလွှာအား အသုံးပြုပုံနှင့် ပြန်လည်ပေးပို့နိုင်ပုံ


အမေးများသော မေးခွန်းများ

  • မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်းဆိုတာ ဘာလဲ။
    မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်း မဲပေးလွှာတစ်ခုသည် မဲဆန္ဒရှင်များအား ၎င်းတို့၏ ကိုယ်ပိုင်ကိရိယာများပေါ်တွင် လွတ်လွတ်လပ်လပ်နှင့် သီးသီးသန့်သန့် အသုံးပြုနိုင်၊ ဖတ်ရှုနိုင်သည့်အပြင် အမှတ်အသား ပြုနိုင်စွမ်းတို့ကို ခွင့်ပြုထားသည်။ 
  • ကျွန်ုပ်တွင် စာတိုက်မှ မဲပေးခြင်း ပြန်ပို့စာအိတ်မရှိခဲ့လျှင် ဘာလုပ်ရမလဲ။
    ကျေးဇူးပြု၍ 1-800-815-2666 သို့ဖုန်းခေါ် ပါ သို့မဟုတ် votebymail@rrcc.lacounty.gov သို့ အီးမေးလ်ဖြင့်ဆက်သွယ်ပြီး စာတိုက်မှမဲပေးခြင်းအထုပ်အသစ်တစ်ခုကို တောင်းဆိုနိုင်ပါသည်။
  • ဖြည့်ပြီးထားသော မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှ မဲပေးခြင်း မဲပေးလွှာကို ဘယ်လိုပြန်ပို့‌ပေးရမလဲ။
    ရွေးကောက်ပွဲနေ့ သို့မဟုတ် ၎င်းနေ့ မတိုင်မီတွင် စာတိုက်တံဆိပ်ခတ်နှိပ်ထားပြီး သင်၏ မဲပေးလွှာကို စာတိုက်မှတဆင့် ပေးပို့ပါ၊ သို့မဟုတ် ရွေးကောက်ပွဲနေ့ ည 8 နာရီနောက်ဆုံးထားပြီး သင်၏ မဲပေးလွှာကို မဲပေးလွှာပုံးတစ်ခုခု သို့မဟုတ် မဲစင်တာတစ်ခုခုတွင် ပေးပို့နိုင်ပါသည်။ နေရာများစာရင်းအတွက် LAVOTE.GOV တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
  • ဖြည့်ပြီးထားသော မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော စာတိုက်မှမဲပေးခြင်းမဲပေးလွှာကို ဘယ်အချိန်တွင် ပြန်ပို့ပေးရန် လိုအပ်ပါသလဲ။
    မဲပေးလွှာများကို ရွေးကောက်ပွဲနေ့ ည 8 နာရီ PST (ပစိဖိတ် စံတော်ချိန်) မတိုင်မီ ပြန်ပို့ပေးရမည် သို့မဟုတ် စာတိုက် တံဆိပ်ခတ်နှိပ်ထားရပါမည်။
     

ကျွန်ုပ်တို့ကို ဆက်သွယ်ပါ

မေးခွန်းများ ရှိပါသလား။ ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ရုံးခန်းဖုန်းနံပါတ် 1-800-815-2666 လိုင်းခွဲ 2 သို့ ဆက်သွယ်ပါ။ သင်သည် ကျွန်ုပ်တို့ထံ ravbm@rrcc.lacounty.gov အီးမေးလ်မှတဆင့် ဆက်သွယ်နိုင်ပါသေးသည်။

 

Icon - Close