Skip to Content

မဲပေးလွှာထည့်ပုံး

Drop Box

 

စာတိုက်မှ မဲပေးခြင်း မဲထည့်ပုံး အစီအစဉ် အကြောင်း

စာတိုက်မှ မဲပေးခြင်း မဲပေးလွှာထည့်ပုံးအစီအစဉ််ကို 2017 ခုနှစ်မှ စတင်ခဲ့ပြီး၊ မဲဆန္ဒရှင်များအား ၎င်းတို့၏ မဲပေးလွှာများကို ပြန်ပို့ရန် လုံခြုံသော အခြားရွေးချယ်မှုတစ်ခုဖြင့် ပံ့ပိုးထားခြင်းဖြစ်သည်။

မဲပေးလွှာထည့်ပုံးများသည် မဲဆန္ဒရှင်များအား ၎င်းတို့ မဲပေးထားသော မဲပေးလွှာများကို ပြန်ပို့ရန် လုံခြုံသော၊ မသန်စွမ်းများ အဆင်ပြေစွာ အသုံးပြုနိုင်သော၊ လူဖြင့်တိုက်ရိုက်ထိတွေ့စရာမလိုသော နည်းလမ်းစသည်တို့ဖြင့် ထောက်ပံ့ပေးထားပါသည်။


သင်သိရှိရန် လိုအပ်သည်များမှာ-

  • ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲနေ့ မတိုင်မီ 29 ရက်နေ့မှ စတင်ပြီး မဲဆန္ဒရှင်များအား မဲထည့်ပုံးများ အသုံးပြုနိုင်ရန် အရံသင့်ရရှိနိုင်ပါသည်
  • ရွေးကောက်ပွဲနေ့ ည 8 နာရီတွင် မဲထည့်ပုံးများအား ပိတ်သိမ်းသွားမည်ဖြစ်သည်
  • မဲပေးလွှာထည့်ပုံးများကို ကွန်ဂရစ်ပေါ်တွင် ဘိုးလ်တိုင်ဖြင့် လုံခြုံစွာ ဆွဲထားသည် သို့မဟုတ် သံကြိုးဖြင့် ခတ်ထားပြီး နေရာချထားသည်
  • ပြည်နယ်ဥပ‌ဒေများအရ မဲပေးလွှာပုံးများကို လုံခြုံရေးအင်္ဂါရပ်များဖြင့်အညီ ပြုလုပ်ထားသည်
  • နံရံဆေးရေးပန်းချီများ သို့မဟုတ် ပျက်စီးမှုများကို လျှော့ချနိုင်ရန် မဲပေးလွှာထည့်ပုံးများအားလုံး၏ အပြင်မျက်နှာစာကို ဆေးကုတ်တင်တစ်ခုဖြင့် ခြယ်ထားသည်
  • မဲပေးလွှာများကို ရွေးကောက်ပွဲ ဝန်ထမ်းနှစ်ဦးမှ ပုံမှန်သိမ်းဆည်းသွားမည်
  • ကောင်တီသည် တရားဥပဒေစိုးမိုးရေးအေဂျင်စီများ၊ မြို့တော်များ၊ ဒေသဆိုင်ရာပါဝင်ပတ်သက်သူများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့်အတူ မဲပေးလွှာထည့်ပုံးများအားလုံးကို စောင့်ကြည့်ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်ထားသည်

မဲပေးလွှာပြန်ပို့ရန် စာရင်း

သင်၏ စာတိုက်မှ မဲပေးခြင်းမဲပေးလွှာအား မထည့်ခင် အောက်ပါအချက်များအား သေချာစွာဆောင်ရွက်ကြရန်-

  • သင်၏ မဲပေးထားသော မဲပေးလွှာကတ်(များ)အား တရားဝင်ပြန်ပို့စာအိတ်ထဲတွင် ထည့်ပါ
  • တရားဝင်ပြန်ပို့စာအိတ်ကို လုံခြုံစွာ ပိတ်ထားပါ
  • တရားဝင်ပြန်ပို့စာအိတ်၏နောက်ကျောတွင် လက်မှတ်ရေးထိုးပြီး ရက်စွဲတပ်ပါ

သင့်မဲပေးလွှာအား လက်ခံပြီး ထည့်သွင်းရေတွက်ထားမှုရှိမရှိ စစ်ဆေးနိုင်ပုံ

သင်သည် မဲပေးလွှာထည့်ပုံး သို့မဟုတ် စာတိုက်မှတဆင့် ပြန်ပို့ထားသော သင်၏ မဲပေးထားသော မဲပေးလွှာအား လက်ခံရရှိပြီး ထည့်သွင်းရေတွက်ထားခဲ့ကြောင်း သေချာစေရန် ကျွန်ုပ်တို့၏ စာတိုက်မှ မဲပေးခြင်း အခြေအနေပြ ကိရိယာမှတဆင့် စစ်ဆေးနိုင်ပါသည်။

မဲပေးလွှာထည့်ပုံးတစ်ခုနှင့် ပတ်သက်သည့် ပြဿနာအား သတင်းပို့ပါ

ရွေးကောက်ပွဲအားလုံး၏ သမာဓိရှိမှုအား ပွင့်လင်းမြင်သာပြီး လူသိရှင်ကြားနည်းလမ်းတို့ဖြင့် ထိန်းသိမ်းထားခြင်းသည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ သင်သည် မည်သည့်သံသယဖြစ်ဖွယ်  အရာတစ်ခုခုအား တွေ့ရှိပါက ကျေးဇူးပြု၍ သတင်းပို့ပါ။

ပြဿနာတစ်စုံတစ်ခုရှိလျှင် သတင်းပို့ရန်

မဲဆွယ်စည်းရုံးရေးဆင်းခြင်းကို တားမြစ်ထားပါသည်

ချိုးဖောက်လျှင် ဒဏ်ငွေနှင့်/သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်ပါသည်

နေရာ-
  • ၎င်းတို့၏မဲပေးလွှာကို ထည့်ရန် တန်းစီနေသူ၏ သက်ဆိုင်သော ဝန်းကျင်နေရာအတွင်း သို့မဟုတ် မဲပေးနေရာ၏ ဝင်ပေါက်၊ ပလက်‌ဖောင်းဘေ မဲပေးခြင်း သို့မဟုတ်  မဲထည့်ပုံးမှ ပေ 100 အတွင်း၊ ဖော်ပြပါ  လုပ်ဆောင်ချက်များကို တားမြစ်ထားပါသည်။

ဘယ်လို လုပ်ဆောင်ချက်တွေကို တားမြစ်ထားတာပါလဲ-

  • လူတစ်ဦးအား ကိုယ်စားလှယ် တစ်ဦးဦး သို့မဟုတ် မဲပေးလွှာ စီမံချက်ကို ထောက်ခံရန် သို့မဟုတ် ၎င်းကို ဆန့်ကျင်၍ မဲပေးရန် တောင်းဆိုခြင်း မပြုလုပ်ပါနှင့်။
  • ကိုယ်စားလှယ်လောင်း၏အမည်၊ ရုပ်ပုံ၊ သို့မဟုတ် အမှတ်အသားကို ပြသခြင်း မပြုလုပ်ပါနှင့်။
  • မဲပေးလွှာပုံးများထံ ဝင်ရောက်မှုကို တားမြစ်ခြင်း သို့မဟုတ် ၎င်းတို့အနီးတွင် မယောင်မလည်လုပ်ခြင်းမျိုး မပြုလုပ်ပါနှင့်။
  • မဲပေးနေရာ၊ မဲစင်တာ၊ သို့မဟုတ်  မဲပေးလွှာပုံးအနီးတွင် ကိုယ်စားလှယ်လောင်းတစ်ဦးဦး သို့မဟုတ် မဲပေးလွှာ စီမံချက်ကို ထောက်ခံသော သို့မဟုတ် ၎င်းကို ဆန့်ကျင်သော အရာများ သို့မဟုတ် ကြားသိနိုင်သော အချက်အလက်များကို ဖော်ပြခြင်းမျိုး မပြုလုပ်ပါနှင့်။
  • ပဏာမခြေလှမ်းများ၊ ဆန္ဒခံယူပွဲ၊ ပြန်လည်ဆင့်ခေါ်မှု၊ သို့မဟုတ် ကိုယ်စားလှယ်လောင်း အဆိုပြုချက်များ အပါအဝင် အသနားခံလွှာများကို ဖြန့်ဝေခြင်း မပြုလုပ်ပါနှင့်။
  • ကိုယ်စားလှယ်လောင်း၏ အမည်၊ ရုပ်ပုံ၊ အမှတ်အသား နှင့်/သို့မဟုတ် ကိုယ်စားလှယ်လောင်း တစ်ဦးဦး သို့မဟုတ် မဲပေးလွှာ စီမံချက်တစ်ခုခုကို အားပေးမှု သို့မဟုတ် ဆန့်ကျင်မှုတို့ ပါဝင်သော အရာများကို ဖြန့်ဝေခြင်း၊ ပြသခြင်း၊ သို့မဟုတ် အဝတ်အစားမျာ ဝတ်ဆင်ခြင်း (ဦးထုပ်များ၊ ရှပ်အင်္ကျီများ၊ သ‌င်္ကေတများ၊ ကြယ်သီးများ၊ စတစ်ကာများ) မျိုး မပြုလုပ်ပါနှင့်။
  • မဲဆန္ဒရှင်၏ မဲပေးရန် သတ်မှတ်ချက်မီမှုနှင့် ပတ်သက်သော အချက်အလက်များကို ပြသခြင်း သို့မဟုတ် စကားပြောဆိုခြင်းမျိုး မပြုလုပ်ပါနှင့်။
  • အထက်တွင် အကျဥ်းချုပ်ဖော်ပြထားသော မဲဆွယ် စည်းရုံးရေးဆင်းခြင်းကို တားမြစ်ခြင်းအား California ရွေးကောက်ပွဲများ စည်းမျဥ်းအစု၏ အချက် 7 ၏ အခန်း 4 ၏ အပိုဒ်ခွဲ 18 တွင် သတ်မှတ်ဖော်ပြထားပါသည်။

 

မဲပေးသည့်လုပ်ငန်းစဥ်ကို ပျက်ပြားစေခြင်းအား တားမြစ်ထားပါသည်။

ချိုးဖောက်လျှင် ဒဏ်ငွေနှင့်/သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်ပါသည်

ဘယ်လို လုပ်ဆောင်ချက်တွေကို တားမြစ်ထားတာပါလဲ-

  • ရွေးကောက်ပွဲ လိမ်လည်မှု လုပ်ဆောင်ရန် ကြိုးစားခြင်း သို့မဟုတ် ကျူးလွန်ခြင်းမျိုး မပြုလုပ်ပါနှင့်။
  • လူတစ်ဦးအား မဲပေးခိုင်းရန် သို့မဟုတ် မဲပေးခြင်းမှ တားဆီးရန်အတွက် ဆွဲဆောင်သော သို့မဟုတ် ဆွဲဆောင်ရန် ကြိုးပမ်းသော ပုံစံ သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် ပေးလျော်မှု သို့မဟုတ် လာဘ်ထိုးမှု တစ်ခုခုကို ပေးခြင်းမျိုး မပြုလုပ်ပါနှင့်။
  • တရားမဝင် မဲပေးခြင်းမျိုး မပြုလုပ်ပါနှင့်။
  • မဲပေးရန် ခံစားခွင့်မရှိသည့်အခါ မဲပေးရန် သို့မဟုတ် အခြားသူကို ကူညီရန် ကြိုးစားခြင်း မပြုလုပ်ပါနှင့်။
  • မဲဆွယ်စည်းရုံးရေးဆင်းခြင်းတွင် ပါဝင်ခြင်း၊ မဲဆန္ဒရှင်က မဲပေးနေရာသို့ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်းကို ဓာတ်ပုံရိုက်ခြင်း သို့မဟုတ် မှတ်တမ်းတင်ခြင်း၊ သို့မဟုတ် ဝင်ခွင့်၊ ထွက်ခွင့်၊ သို့မဟုတ် ယာဥ်ရပ်နားခွင့်ကို တားဆီးခြင်းမျိုး မပြုလုပ်ပါနှင့်။
  • လူတစ်ဦး၏ မဲပေးပိုင်ခွင့်ကို စိန်ခေါ်ခြင်း သို့မဟုတ် မဲဆန္ဒရှင်များအား မဲပေးခြင်းမှ တားဆီးခြင်း၊ မဲပေးသည့်လုပ်ငန်းစဥ်ကို နှောင့်နှေးအောင်လုပ်ခြင်း၊ သို့မဟုတ် လူတစ်ဦးဦးအား သူ သို့မဟုတ် သူမသည် မဲပေးရန် သတ်မှတ်ချက်မမီကြောင်း သို့မဟုတ် မဲပေးရန် စာရင်းမသွင်းထားကြောင်း လိမ်လည်အကြံပေးခြင်းမျိုး မပြုလုပ်ပါနှင့်။
  • မဲဆန္ဒရှင်က ၎င်းတို့၏မဲပေးလွှာကို မည်သို့မဲပေးခဲ့သည်ကို သိရှိရန် ကြိုးစားခြင်း မပြုလုပ်ပါနှင့်။
  • ခြွင်းချက်ထားမှုအချို့ဖြင့် မဲပေးနေရာ၏ သက်ဆိုင်ရာ ပတ်ဝန်းကျင်နေရာတွင် လက်နက်ကိုင်ဆောင်ခြင်း သို့မဟုတ် တစ်စုံတစ်ဦးအား လက်နက်ကိုင်ဆောင်နိုင်အောင် စီစဥ်ပေးခြင်းမျိုး မပြုလုပ်ပါနှင့်။
  • ခြွင်းချက်ထားမှုအချို့ဖြင့် မဲပေးနေရာ၏ သက်ဆိုင်ရာ ပတ်ဝန်းကျင်နေရာတွင် ငြိမ်းချမ်းရေးအရာရှိ၊ အစောင့်၊ သို့မဟုတ် လုံခြုံရေးအမှုထမ်း၏ ယူနီဖောင်းမျိုး ဝတ်ဆင်လာခြင်း သို့မဟုတ် ထိုသို့ဝတ်ဆင်နိုင်အောင် တစ်စုံတစ်ဦးကို စီစဥ်ပေးခြင်းမျိုး မပြုလုပ်ပါနှင့်။
  • မဲပေးသည့်စနစ်၏ အစိတ်အပိုင်းတစ်ခုခုကို လက်ဆော့ခြင်း သို့မဟုတ် ကြားဝင်နှောင့်ယှက်ခြင်းမျိုး မပြုလုပ်ပါနှင့်။
  • ပြန်ပို့သော ရွေးကောက်ပွဲပစ္စည်းများကို လိမ်ညာခြင်း၊ အတုလုပ်ခြင်း၊ သို့မဟုတ် လက်ဆော့ခြင်း မပြုလုပ်ပါနှင့်။
  • ပြန်ပို့သော ရွေးကောက်ပွဲပစ္စည်းများကို ပြောင်းလဲခြင်းမျိုး မပြုလုပ်ပါနှင့်။
  • မဲပေးသည့်စာရင်း၊ တရားဝင် မဲပေးလွှာ၊ သို့မဟုတ် မဲပုံးတစ်ခုခုကို လက်ဆော့ခြင်း၊ ဖျက်ဆီးခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းမျိုး မပြုလုပ်ပါနှင့်။
  • မဲဆန္ဒရှင်အား ၎င်းသည် တရားဝင် မဲထည့်ပုံးဖြစ်သည်ဟု ယုံကြည်သွားအောင် လှည့်ဖြားနိုင်သည့် တရားမဝင် မဲထည့်ပုံးတစ်ခုခုကို ပြသထားခြင်းမျိုး မပြုလုပ်ပါနှင့်။
  • မဲ‌ပေးခြင်းရလဒ်များ မိတ္တူကို လက်ဆော့ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းမျိုး မပြုလုပ်ပါနှင့်။
  • စာမတတ်တတ်သူ သို့မဟုတ် သက်ကြီးရွယ်အိုတစ်ဦးအား ၎င်းတို့၏ ရည်ရွယ်ချက်နှင့်ဆန့်ကျင်၍ ကိုယ်စားလှယ်လောင်း သို့မဟုတ် စီမံချက်ကို ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် အကျပ်ကိုင်ခြင်း သို့မဟုတ် လှည့်ဖြားခြင်းမျိုး မပြုလုပ်ပါနှင့်။
  • သင်က ‌ရွေးကောက်ပွဲ အရာရှိတစ်ဦးမဟုတ်ပါက ၎င်းကဲ့သို့ ဟန်ဆောင်ခြင်းမျိုး မပြုလုပ်ပါနှင့်။
  • အလုပ်ရှင်များသည် ၎င်းတို့၏ ဝန်ထမ်းများအား ၎င်းတို့၏ စာတိုက်မှမဲပေးခြင်း မဲပေးလွှာကို အလုပ်သို့ ယူဆောင်လာစေခြင်း သို့မဟုတ် ယူဆောင်လာရန် ပြောကြားခြင်း သို့မဟုတ် ၎င်းတို့၏ မဲပေးလွှာကို အလုပ်တွင် မဲပေးရန် ပြောကြားခြင်းမျိုး မပြုလုပ်ရ။ လစာ သို့မဟုတ် လုပ်အားခများ ပေးသည့်အချိန်တွင် အလုပ်ရှင်များသည် နိုင်ငံရေးထင်မြင်ချက်များကို လွှမ်းမိုးရန် သို့မဟုတ် ၎င်းတို့၏ဝန်ထမ်းများ၏ အပြုအမူများကို လွှမ်းမိုးရန် ကြိုးစာသော အရာများကို ပူးတွဲထည့်ပေးခြင်းမျိုး မပြုလုပ်ရ။
  • မဲဆန္ဒနယ် ဘုတ်အဖွဲ့ဝင်များသည် မဲဆန္ဒရှင်များက ၎င်း၏မဲပေးလွှာကို မည်သို့မဲပေးခဲ့သည်ကို ဆုံးဖြတ်ရန် ကြိုးစားခြင်းမျိုး မပြုလုပ်ရ သို့မဟုတ် ထိုအချက်အလက်မျိုးကို တွေ့ရှိပါက မဲဆန္ဒရှင်က ၎င်းတို့၏မဲပေးလွှာကို မည်သို့မဲပေးခဲ့သည်ကို ထုတ်ဖော်ပြောပြပါ။
  • အထက်တွင် အကျဥ်းချုပ်ဖော်ပြထားသော မဲပေးသည့်လုပ်ငန်းစဥ်ကို ပျက်ယွင်းစေမှုနှင့် ဆက်စပ်နေသည့် လုပ်ဆောင်ချက်များ တားမြစ်ချက်များသည် California ရွေးကောက်ပွဲများ စည်းမျဥ်းအစု၏ အခန်း 6 ၏ အပိုဒ်ခွဲ 18 တွင် သတ်မှတ်ဖော်ပြထားပါသည်။
ဤသတင်းအချက်အလက်များအား pdf ပုံစံဖြင့် ကြည့်ရှုရန် သို့မဟုတ် ကူးယူရန်၊ ဒီနေရာကို နှိပ်ပါ
Icon - Close