Skip to Content

မဲပေးနိုင်မှု လက်လှမ်းမီရေး

Vote Center Accessibility

2020 ပြည့်နှစ်တွင် Los Angeles ကောင်တီသည် မဲရုံများစနစ်မှ မဲစင်တာများစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ မဲစင်တာများတွင် မဲဆန္ဒရှင်များသည် မဲပေးလွှာအမှတ်အသားပြုစက် (BMD) ကို အသုံးပြု၍ မိမိတို့၏ မဲပေးလွှာကို ဖြည့်စွက်နိုင်ပါသည်။ အဆိုပါစက်တွင် မသန်းစွမ်းများအပါအဝင်လူတိုင်းလက်လှမ်းမီနိုင်မှုဆိုင်ရာ အထူးလိုအပ်ချက်များရှိသော မဲဆန္ဒရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ခေတ်မီလုပ်ဆောင်ချက်များ ပါဝင်ပါသည်။ ယခင်က လက်လှမ်းမီမှုဆိုင်ရာ အထူးလိုအပ်ချက်များရှိသော မဲဆန္ဒရှင်များသည် သီးခြားမဲပေးခန်းတစ်ခုသို့ သွားရောက်မဲပေးရန် လိုအပ်ခဲ့ပါသည်။ ယခုအခါ BMD စက်တစ်ခုတည်းတွင် လက်လှမ်းမီမှုဆိုင်ရာ အထောက်အကူပြုလုပ်ဆောင်ချက်များအားလုံးကို တစ်ပါတည်း ပေါင်းစပ်ထည့်သွင်းပေးထားပါသည်။ BMD စက်တွင် ပါဝင်သော လက်လှမ်းမီမှုဆိုင်ရာ အထောက်အကူပြုလုပ်ဆောင်ချက်များအပြင်၊ RR/CC သည် မဲစင်တာများသို့ ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး၊ လက်လှမ်းမီမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန် မဲစင်တာများတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အန္တရာယ် (သို့မဟုတ် အဆင်မပြေမှု) လျှော့ချရေး အစီအစဉ်များကိုလည်း ရေးဆွဲပြင်ဆင်ထားပါသည်။

မဲပေးသည့်ကာလအတွင်း မဲစင်တာများတွင် အောက်ပါဝန်ဆောင်မှုများအား ရရှိနိုင်ပါသည်-

  • မသန်စွမ်းသူများနှင့် အထူးလိုအပ်ချက်ရှိသော မဲဆန္ဒရှင်များအတွက် အဆင်ပြေစေသည့် မဲစင်တာများ- မဲစင်တာများရှိ မဲပေးစက်အားလုံးကို မဲဆန္ဒရှင်များ လက်လှမ်းမီအသုံးပြုနိုင်ရန် အပြည့်အဝ စီစဉ်ထားပါသည်။ မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီစေရန် မဲပေးသည့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ မဲဆန္ဒရှင်များသည် မဲပေးလွှာအမှတ်အသားပြုစက်ရှိ အောက်ပါဆက်တင်များကို မိမိတို့အဆင်ပြေသလို ချိန်ညှိနိုင်ပါသည်။ အသုံးပြုသူမျက်နှာပြင်၏ အလင်းအမှောင်၊ စာသားအရွယ်အစား၊ မျက်နှာပြင်ရှုထောင့်၊ အသံအတိုးအကျယ်နှင့် အနှေးအမြန်နှုန်းတို့ ပါဝင်သည်။ မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲကာလအတွင်း ရက်ပေါင်း 11 ရက်အထိ Los Angeles ကောင်တီတစ်ဝန်းရှိ မည်သည့်မဲစင်တာတွင်မဆို သွားရောက်မဲပေးနိုင်ပါသည်။
    • အနီးစပ်ဆုံးမဲစင်တာကို ရှာရန် (213) 374-3655 သို့ဖုန်းခေါ်ပါ (သို့) သင့်အနီးအနားရှိ မဲစင်တာတစ်ခုကို ရှာရန် သို့ ဝင်ရောက်ကြည့်ရှုပါ။
    • မဲစင်တာရှိ မဲပေးစက်အားလုံးကို လက်လှမ်းမီအသုံးပြုနိုင်ရန် အပြည့်အဝ စီစဉ်ထားသော်လည်း၊ မဲဆန္ဒရှင်များသည် မဲစင်တာ အပြင်ဘက်ရှိနေရာတွင် (ပလက်ဖောင်းဘောင်ဘေးမှ မဲပေးခြင်းအား အောက်တွင် ကြည့်ပါ) မိမိတို့၏ မဲပေးလွှာကို မဲပေးနိုင်ပါသည်။ လက်လှမ်းမီအသုံးပြုရန် အဆင်မပြေသော မဲစင်တာများကို ဆက်သွယ်ရန် စာမျက်နှာမှတဆင့် သတင်းပေးတိုင်ကြားနိုင်ပါသည်။
  • မဲပေးရာတွင် အကူအညီရယူခြင်း- California ပြည်နယ်ဥပဒေအရ မဲပေးလွှာဖြည့်စွက်ရာတွင် အကူအညီလိုအပ်သော မည်သည့်မဲဆန္ဒရှင်မဆို အကူအညီတောင်းခံခွင့်ရှိပါသည်။ မဲစင်တာမှ ဝန်ထမ်းတစ်ဦးက အကူအညီပေးနိုင်သကဲ့သို့ မဲဆန္ဒရှင်ကိုယ်တိုင် ရွေးချယ်ထားသောသူတစ်ဦးထံမှလည်း အကူအညီရယူနိုင်ပါသည်။ မိမိ၏ မဲပေးလွှာကို ကိုယ်တိုင် အမှတ်အသားပြုဖြည့်စွက်ရန် မစွမ်းဆောင်နိုင်ပါက မဲပေးရာတွင် ကူညီပေးရန် လူနှစ်ဦးအထိ ရွေးချယ်နိုင်ပါသည်။ သို့သော် အကူအညီပေးမည့်သူများမှာ သင်၏အလုပ်ရှင် (သို့) သင်၏အလုပ်ရှင်ကိုယ်စားလှယ် (သို့) သင်၏ အလုပ်သမားသမဂ္ဂခေါင်းဆောင် (သို့) အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ မဖြစ်ရပါ။
  • ဘီးတပ်ကုလားထိုင် အသုံးပြုသော မဲဆန္ဒရှင်များ-
    ယခုအခါ မဲစင်တာတိုင်းတွင် လက်လှမ်းမီအသုံးပြုနိုင်ရန် အပြည့်အဝ စီစဉ်ထားသော မဲပေးလွှာအမှတ်အသားပြုစက် (BMD) ကို အသုံးပြုထားပါသည်။ ဘီးတပ်ကုလားထိုင် အသုံးပြုသော မဲဆန္ဒရှင်များသည် မိမိတို့အတွက် သက်သောင့်သက်သာရှိသော ရှုထောင့်အနေအထားသို့ ရောက်အောင် ထိတွေ့မျက်နှာပြင်ကို ချိန်ညှိနိုင်ပြီး မိမိတို့၏မဲကိုပေးရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေပါသည်။
  • ပလက်ဖောင်းဘောင်မဲပေးခြင်း-အဆောက်အအုံဆိုင်ရာ အတားအဆီးများကြောင့် သို့မဟုတ် ကိုယ်ခန္ဓာဆိုင်ရာ ကန့်သတ်ချက်များကြောင့် မဲပေးနေရာဖြစ်သော မဲစင်တာသို့ မသွားရောက်နိုင်သော မည်သည့်မဲဆန္ဒရှင်မဆို  "ပလက်ဖောင်းဘောင်" (မဲစင်တာအဆောက်အအုံအပြင်ဘက်)မှ မဲပေးရန် တောင်းဆိုနိုင်ပါသည်။ မဲစင်တာတိုင်း၏ အပြင်ဘက်ရှိ ရွေးကောက်ပွဲဝန်ထမ်း တစ်ဦးအား ဖုန်းခေါ်ဆိုနိုင်ရန် ဖုန်းနံပါတ်ပါသော ဆိုင်းဘုတ်တစ်ခုကို ထောင်ထားပါသည်။ မဲဆန္ဒရှင်သည် အဆိုပါဖုန်းနံပါတ်သို့ ဖုန်းခေါ်ဆိုပါက ရွေးကောက်ပွဲဝန်ထမ်းတစ်ဦးမှ မဲပေးလွှာကို မဲဆန္ဒရှင်ရှိရာသို့ ယူဆောင်လာပေးမည်ဖြစ်သည့်အပြင် မဲကို မည်သို့မည်ပုံ အမှတ်အသားပြုဖြည့်စွက်နိုင်ကြောင်း နားလည်အောင် ကူညီပေးနိုင်သလို မဲပေးပြီးသော မဲပေးလွှာကို မဲထည့်ပုံးအတွင်းသို့ ထည့်သွင်းပေးရန် လိုအပ်ပါက မဲဆန္ဒရှင်အား အကူအညီပေးနိုင်ပါသည်။
  • မျက်မမြင် မဲဆန္ဒရှင်များ-ကောင်တီအတွင်းရှိ မဲစင်တာတိုင်းတွင် မဲပေးခြင်းဆိုင်ရာ ညွှန်ကြားချက်များအား စာလုံးအကြီးဖြင့် ဖော်ပြထားပါသည်။ မဲပေးလွှာပေါ်ရှိ စာသားများကို ဖတ်ရှုရာတွင် အခက်အခဲရှိသော မဲဆန္ဒရှင်များသည် မဲပေးလွှာအမှတ်အသားပြုစက်၏ ထိတွေ့မျက်နှာပြင်ကို မိမိတို့အတွက် သက်သောင့်သက်သာရှိသော ရှုထောင့်အနေအထားသို့ ချိန်ညှိနိုင်သကဲ့သို့ စာလုံးအရွယ်အစားကိုလည်း ကြီးအောင်ပြုလုပ်နိုင်ပြီး မျက်နှာပြင်၏ အလင်းအမှောင်ကိုလည်း ချိန်နိုင်ပါသည်။ မျက်နှာပြင်ပေါ်ရှိ စာသားများကို မဖတ်ရှုနိုင်သော မဲဆန္ဒရှင်များအနေဖြင့် အသံဖြင့် မဲပေးလွှာအားဖတ်ပြသည့် လုပ်ဆောင်ချက်နှင့် ထိန်းချုပ်ရေးခလုတ်ပြားကိုလည်း အသုံးပြုနိုင်ပါသည်။ ထို့အပြင် မဲစင်တာရှိ ဝန်ထမ်းများထံ အချိန်မရွေး အကူအညီ ရယူနိုင်ပါသည်။
  • မဲပေးလွှာအမှတ်အသားပြုစက်-မဲပေးလွှာအမှတ်အသားပြုစက်သည် မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် မဲပေးသည့်အတွေ့အကြုံကို မိမိတို့အဆင်ပြေသလို စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်စေပါသည်။ မဲဆန္ဒရှင်များသည် ထိတွေ့မျက်နှာပြင်မှတဆင့် မိမိတို့၏ မဲပေးလွှာကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး မျက်နှာပြင်ကို သက်သောင့်သက်သာရှိသော ရှုထောင့်အနေအထားသို့ ချိန်နိုင်ပါသည်။ ထို့အပြင် စာသားအရွယ်အစားနှင့် အလင်းအမှောင်ကဲ့သို့သော မျက်နှာပြင်ပြသမှုဆိုင်ရာ ဆက်တင်များကိုလည်း မိမိတို့နှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။ မျက်နှာပြင်ပေါ်ရှိ စာသားများကို ဖတ်ရှုရန် အခက်အခဲရှိသော မဲဆန္ဒရှင်များအနေဖြင့် နားကြပ်နှင့် ထိန်းချုပ်ရေးခလုတ်ပြားကို အသုံးပြု၍ မဲပေးလွှာပါ အကြောင်းအရာများကို အသံဖြင့် နားထောင်ကာ အဆင့်ဆင့် ရွေးချယ်မဲပေးနိုင်ပါသည်။
  • အဝေးမှ အသုံးပြုနိုင်သော စာတိုက်မှတဆင့် မဲပေးခြင်း- RAVBM စနစ်သည် မဲဆန္ဒရှင်များအား မိမိတို့၏ ကိုယ်ပိုင် အထောက်အကူပြုပစ္စည်းများဖြင့် မဲပေးလွှာကို သီးသန့်လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုခြင်း၊ ဖတ်ရှုခြင်းနှင့် မဲရွေးချယ် အမှတ်အသားပြုစေသည်။
  • မဲထည့်ပုံးများ-စာတိုက်မှမဲပေးခြင်းမဲပေးလွှာ ပြန်လည်ပေးပို့ရန် မဲထည့်ပုံးထားရှိသည့် အစီအစဉ်အား မဲဆန္ဒရှင်များအနေဖြင့် မိမိတို့၏ မဲပေးပြီးသော မဲပေးလွှာများကို လုံခြုံစိတ်ချစွာ ပြန်လည်ပေးပို့နိုင်ရန် အခြားရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ၎င်းမဲထည့်ပုံးများကို တစ်နေ့လျှင် 24 နာရီ အသုံးပြုနိုင်ရန် (သို့မဟုတ် နေထွက်ချိန်မှ နေဝင်ချိန်အထိ) စီစဉ်ထားပါသည်။ ၎င်းမဲထည့်ပုံးများသည် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ မဲပေးပြီးသော မဲပေးလွှာများအား လုံခြုံစိတ်ချ၊ လက်လှမ်းမီနိုင်ပြီး အခြားသူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန်မလိုဘဲ ပြန်လည်ပေးပို့နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။

မဲစင်တာများတွင် ရရှိနိုင်သော လက်လှမ်းမီမှုဆိုင်ရာ အကူအညီများ

  • ပလက်ဖောင်းဘောင်မဲပေးခြင်း
  •  ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက် အဆင်ပြေစေရန် စီစဉ်ထားသော မဲပေးလွှာအမှတ်အသားပြုစက်များ
  • မဲစင်တာများတွင် စာလုံးအကြီးဖြင့် ဖော်ပြထားသော မဲပေးခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် အဆင့်ဆင့် လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များ
  • နားမကြားသူများနှင့် အကြားအာရုံချို့တဲ့သူများအတွက် TDD ဝန်ဆောင်မှုများ
  • မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်တိုင်းတွင် မဲစင်တာ ဝန်ထမ်းများထံမှ အကူအညီရယူခြင်း
  • မသန်စွမ်းသူများအတွက် သီးသန့်ယာဉ်ရပ်နားရန် ဆိုင်းဘုတ်
  • အပြန်အလှန်အသုံးပြုနိုင်သော နမူနာမဲပေးလွှာ (BMD တွင် မဲမပေးမီ မိမိရွေးချယ်မှုများကို ကြိုတင်အမှတ်အသားပြုထားနိုင်သည့် ရွေးချယ်အသုံးပြုနိုင်သော ကိရိယာဖြစ်ပြီး မဲပေးခြင်းလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေနိုင်ပါသည်)
  • မဲပေးသည့်နေ့၌ မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း/အခြေအနေမူတည် မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း(CVR)
     

မေးခွန်းများ

နောက်ထပ်အကြောင်းအရာများကို ပိုမိုသိရှိလိုပါက မဲပေးခြင်းဆိုင်ရာ လက်လှမ်းမီအသုံးပြုနိုင်မှု ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုပါ။ သင့်အနီးဆုံး မဲစင်တာကို ရှာဖွေရန် သင့်အနီးရှိ မဲစင်တာကို ရှာဖွေရန် တွင် ဝင်ရောက်ကြည့်ရှုပါ။ မဲစင်တာများ၏ လက်လှမ်းမီအသုံးပြုနိုင်မှုနှင့်ပတ်သက်၍ အကြံပြုချက်များ သို့မဟုတ် သဘောထားမှတ်ချက်များရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပေးပါ။ အွန်လိုင်း မဲဆန္ဒရှင် လက်လှမ်းမီအသုံးပြုနိုင်မှုဆိုင်ရာ ဖောင်ကို ဖြည့်စွက်ပေးပါ။


Icon - Close