ကျောင်းသား ရွေးကောက်ပွဲ ဝန်ထမ်းအစီအစဥ်
Los Angeles ကောင်တီရှိ ကျောင်းသား ရွေးကောက်ပွဲဝန်ထမ်းအစီအစဉ်သည် အထက်တန်းကျောင်းသားများအတွက် Los Angeles ကောင်တီအတွင်း ကျင်းပပြုလုပ်သော ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲဝန်ထမ်းများအဖြစ် ပါဝင်တာဝန်ထမ်းဆောင်နိုင်မည့် စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းတစ်ခုအား ပေးအပ်ထားပါသည်။
ရွေးကောက်ပွဲဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်ကြမည့် ကျောင်းသားများသည် ထောက်ပံ့ကြေးငွေကိုလည်း ရရှိမည်ဖြစ်သလို ဒီမိုကရေစီလုပ်ငန်းစဉ်များကိုပါ လက်တွေ့ပါဝင်လေ့လာခွင့်လည်း ရရှိမည်ဖြစ်ပါသည်။
သင်၏ဝန်ဆောင်မှုအတွက် ကျေးဇူးတင်ပါသည်
မှတ်ပုံတင်အရာရှိ/မှတ်တမ်းယူသူ-ကောင်တီစာရေး Dean C. Logan မှ ရွေးကောက်ပွဲဝန်ထမ်းများအား မိန့်ကြားသော သဝန်လွှာတစ်ခု။
လိုအပ်သော သတ်မှတ်ချက်များ
ကျောင်းသား ရွေးကောက်ပွဲဝန်ထမ်းအဖြစ် ပါဝင်လိုသော ကျောင်းသားများသည် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်-
- ရွေးကောက်ပွဲကျင်းပမည့်အချိန်တွင် အနည်းဆုံး အသက် 16 နှစ် ပြည့်ပြီးသူ ဖြစ်ရမည်
- အစိုးရအထက်တန်းကျောင်း သို့မဟုတ် ပုဂ္ဂလိကအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ ဖြစ်ရမည်
- အမေရိကန်နိုင်ငံသား ဖြစ်ရမည် သို့မဟုတ် အမေရိကန်နိုင်ငံတွင် တရားဝင် အမြဲတမ်းနေထိုင်ခွင့်ရှိသူ (Green Card ကိုင်ဆောင်ထားသူ) ဖြစ်ရမည်
- ပညာရေးရလဒ် ကောင်းမွန်သူဖြစ်ရမည်။ ပျမ်းမျှအမှတ် (GPA) 2.5 သို့မဟုတ် ၎င်းနှင့်အထက် ရှိရမည်
- ဆရာ/ဆရာမ၏ သဘောတူညီချက်နှင့် မိဘအုပ်ထိန်းသူတို့၏ သဘောတူညီချက် ရရှိထားရမည်
ကျောင်းသား ရွေးကောက်ပွဲဝန်ထမ်းအဖြစ် လျှောက်ထားခြင်း
ပထမဦးစွာ သဘောတူညီချက်ပုံစံကို ဖြည့်စွက်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသားမိဘ သို့မဟုတ် အုပ်ထိန်းသူနှင့် ဆရာ/ဆရာမ သို့မဟုတ် ကျောင်းအကြံပေးတို့ထံမှ လက်မှတ်များကို ရယူရမည်။ ထို့နောက် သဘောတူညီချက်ပုံစံ မိတ္တူကို ကူးယူပါ။
ဒုတိယအနေဖြင့် သဘောတူညီချက်ပုံစံကို အောက်ပါလင့်ခ်မှတဆင့် အွန်လိုင်းလျှောက်လွှာတွင် ပူးတွဲတင်သွင်းပါ။
အွန်လိုင်းလျှောက်လွှာကို ဖြည့်စွက်ပါ-
ယခုပင်လျှောက်လိုက်ပါ
ကျောင်းသား ရွေးကောက်ပွဲဝန်ထမ်းများ၏ တာဝန်များမှာ
- သင်တန်းတက်ခြင်း
- မဲစင်တာ ဖွင့်လှစ်ခြင်းနှင့် ပိတ်သိမ်းခြင်းလုပ်ငန်းစဥ်တွင် ကူညီလုပ်ကိုင်ခြင်း
- မဲဆန္ဒရှင်များအား တစ်နေ့တာပတ်လုံး လိုအပ်သလို ကူညီပေးခြင်း
ကျောင်းသား ရွေးကောက်ပွဲဝန်ထမ်းအဖြစ် ပါဝင်ခြင်း၏ အကျိုးကျေးဇူးများမှာ
- မဲစင်တာတွင် တစ်ရက်တာ တာဝန်ထမ်းဆောင်ပါက $100 ရရှိခြင်း
- ရွေးကောက်ပွဲဝန်ထမ်းသင်တန်း တက်ရောက်ခြင်းအတွက် $80 ရရှိခြင်း
- အင်္ဂလိပ်ဘာသာစကားအပြင် သတ်မှတ်ထားသော ဘာသာစကားတစ်မျိုးမျိုးကို ပြောဆိုတတ်သော ဘာသာစကားနှစ်မျိုးကျွမ်းကျင်သည့် ရွေးကောက်ပွဲဝန်ထမ်းများသည် $100 အပိုဆုကြေး ရရှိခြင်း (အောက်ဖော်ပြပါဘာသာစကားစာရင်းကို ကြည့်ပါ)
- လူမှုဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှုသင်ကြားရေးအမှတ်များရရှိခြင်း
- ရွေးကောက်ပွဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည့်နေ့အတွက် ကျောင်းပျက်ခွင့်ကိုလည်း ခွင့်ပြုချက်ဖြင့် ရရှိခြင်း
- ဒီမိုကရေစီလုပ်ငန်းစဉ်များကို လက်တွေ့မိတ်ဆက် လေ့လာခွင့်ရရှိခြင်း
- ကောလိပ်ဝင်ခွင့်လျှောက်လွှာ၊ ပညာသင်ဆုလျှောက်လွှာနှင့် ကိုယ်ရေးရာဇဝင် (Resume) ပေါ်တွင်လည်း မိမိ၏ အတွေ့အကြုံနှင့် လုပ်ဆောင်နိုင်စွမ်းများကို ဖော်ပြနိုင်ခြင်း
အောက်တွင် ဖော်ပြထားသော ဘာသာစကားများအနက် တစ်မျိုးမျိုးကို သင်ပြောဆိုတတ်ပါသလား။ အကယ်၍ ပြောဆိုတတ်ပါက ကျောင်းသား ရွေးကောက်ပွဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည့်အတွက် ဘာသာစကားနှစ်မျိုး ကျွမ်းကျင်မှုဆိုင်ရာ အပိုဆုကြေး $100 ရရှိနိုင်ပါသည်။
- အာမေးနီးယန်း
- ဘင်္ဂါလီ
- မြန်မာ
- တရုတ်
- ဖာစီ
- ဂူဂျာရာတီ
- ဟင်ဒီ
- မုံ
- အင်ဒိုနီးရှား
- ဂျပန်
- ခမာ/ကမ္ဘောဒီးယား
- ကိုရီးယား
- လာအို
- မွန်ဂိုလီးယား
- နီပေါ
- ပန်ဂျာပီ
- ရုရှား
- စပိန်
- တဂလော့/ဖိလစ်ပိုင်
- တီလူဂူ
- ထိုင်း
- အူရဒူ
- ဗီယက်နမ်
*$100 တန်ဖိုးရှိသော ဘာသာစကားနှစ်မျိုး ကျွမ်းကျင်မှုဆိုင်ရာ အပိုဆုကြေးရရှိရန် သတ်မှတ်ပေးထားသော တာဝန်ကျချိန်တစ်လျှောက်လုံး အပြည့်အဝ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
W-2 အခွန်အစီရင်ခံခြင်းနှင့် IRS အခွန်ဆိုင်ရာ လိုအပ်ချက်များ
အရင်းအမြစ်များ
ကျောင်းသား ရွေးကောက်ပွဲဝန်ထမ်းအစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် (213) 374-3869 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သို့မဟုတ် studentelectionworker@rrcc.lacounty.gov သို့ အီးမေးလ်ပေးပို့ မေးမြန်းနိုင်ပါသည်။
ကောင်တီ ရွေးကောက်ပွဲဝန်ထမ်းဆိုင်ရာ ဆော့ဖ်ဝဲ စာချုပ်- Konnech, Inc ကုမ္ပဏီမှ PollChief ဆော့ဖ်ဝဲ
နောက်ခံအကြောင်းအရာနှင့် မကြာခဏ မေးလေ့ရှိသော မေးခွန်းများ
L.A. ကောင်တီတွင် ကျောင်းသား ရွေးကောက်ပွဲဝန်ထမ်းတစ်ဦး မည်သို့ဖြစ်လာနိုင်ရန် လုပ်ဆောင်ရမည့် ဗီဒီယိုအားကြည့်ရှုပါ။
L.A. ကောင်တီ ရွေးကောက်ပွဲဆိုင်ရာ မသန်စွမ်းသူများအတွက် သင်တန်းဗီဒီယိုအား အမေရိကန်လက်ဟန်ပြဘာသာစကား (ASL) ဖြင့် ကြည့်ရှုပါ။
L.A. ကောင်တီ ရွေးကောက်ပွဲဆိုင်ရာ မသန်စွမ်းသူများအတွက် သင်တန်းဗီဒီယိုအား ဘာသာစကားမျိုးစုံဖြင့် စာတန်းထိုးပုံစံဖြင့် ကြည့်ရှုပါ။ (ရရှိနိုင်သော ဘာသာစကားအားလုံးကို သိရှိရန် ဗီဒီယို၏ Settings တွင် ကြည့်ရှုပါ။)
ရွေးကောက်ပွဲဝန်ထမ်းများအတွက် ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်ပွားစေဘဲ ပြဿနာများအား ကိုင်တွယ်ဖြေရှင်းနည်းဆိုင်ရာ သင်တန်း