ဘာသာစကားပေါင်းစုံ ဝန်ဆောင်မှု အစီအစဉ်
နောက်ခံ
Los Angeles ကောင်တီသည် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ အချက်အလက်များနှင့် အကူအညီများရယူရန် ဘာသာစကား 23 မျိုးဖြင့် ပံ့ပိုးပေးထားပါသည်။ သင်သည် မဲပေးရန် မှတ်ပုံတင်ထားသည်ဖြစ်စေ၊ ဘာသာပြန်ဆိုထားသော မဲပေးလွှာအား တောင်းခံနေသည်ဖြစ်စေ၊ မဲစင်တာတွင် အကူအညီရရှိရန် ရှာဖွေနေသည်ဖြစ်စေ၊ သင့်အား ဘက်ပေါင်းစုံ ပံ့ပိုးပေးရန် ရရှိနိုင်သော အရင်းအမြစ်များအား ကျွန်ုပ်တို့ထံတွင် ရရှိနိုင်ပါသည်။
1975 ခုနှစ်တွင် 1965 ခုနှစ်၏ မဲပေးခွင့်အက်ဥပဒေ (VRA) ကို ဘာသာစကားလူနည်းစုအုပ်စုများအတွက် အဓိပ္ပာယ်ရှိရှိ မဲပေးနိုင်သည့် အကူအညီရရှိရန် လိုအပ်ချက်တစ်ခုအား ဖန်တီးရန် ပြင်ဆင်ခဲ့သည်။ ကောင်တီသည် သတ်မှတ်ထားသော ကန့်သတ်ချက်နှင့် ကိုက်ညီသည့် ဘာသာစကားလူနည်းစုအုပ်စုများထံ စကားပြောပုံစံဖြင့် ဘာသာစကားအကူအညီပေးခြင်းနှင့် ဘာသာပြန်ဆိုထားသော ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များအား ပံ့ပိုးပေးထားသည်။ 1982 နှင့် 1992 ခုနှစ်တွင် အတည်ပြုခဲ့ပြီးသော မဲပေးခွင့်အက်ဥပဒေ ပြင်ဆင်ချက်များအပေါ် အခြေခံ၍ အောက်ပါအခြေအနေများ၌ လူနည်းစု ဘာသာစကားကို ဘာသာပြန်ဆိုပါမည်- ၎င်းတို့မှာ (1) နိုင်ငံသားဖြစ်၍ မဲပေးနိုင်သည့် အသက်အရွယ်ရှိသူ 5% ကျော်သည် ဘာသာစကားတစ်မျိုးတည်းတတ်သော လူနည်းစုဝင်များဖြစ်သည့်အပြင် အင်္ဂလိပ်စာကျွမ်းကျင်မှု အကန့်အသတ်ရှိသူများ သို့မဟုတ် (2) နိင်ငံသားဖြစ်၍ မဲပေးနိုင်သည့် အသက်အရွယ်ရှိသူ အယောက်ပေါင်း 10,000 ကျော်သည် ဘာသာစကားတစ်မျိုးတည်းသာတတ်သော လူနည်းစုဝင်များဖြစ်သည့်အပြင် အင်္ဂလိပ်စာကျွမ်းကျင်မှု အကန့်အသတ်ရှိသူများစသည့်တို့ဖြစ်ကြရမည်။
California ဥပဒေများတွင် ကောင်တီများအနေဖြင့် VRA ကန့်သတ်ချက်နှင့် မကိုက်ညီသော အခြားဘာသာစကားများဖြင့် ဘာသာပြန်ဆိုထားသော “မဲပေးလွှာမိတ္တူများ” ကို ပံ့ပိုးပေးရန် အပိုဆောင်းလိုအပ်ချက်များအား ထည့်သွင်းထားသည်။ “မဲပေးလွှာမိတ္တူ”သည် အင်္ဂလိပ်မဲပေးလွှာတွင် အမှတ်အသားပြုသည့်အခါ အင်္ဂလိပ်မဲပေးလွှာ၏ ဘေးဘက်နေရာတွင် ထားရှိနိုင်သည့် ကိုးကားရန်အတွက် ဘာသာပြန်ဆိုထားသော ဘာသာစကားပါရှိစေရန် ဒီဇိုင်းပုံစံဆွဲထားခြင်းဖြစ်သည်။ Los Angeles ကောင်တီသည် မဲဆန္ဒရှင်များအား တိုက်ရိုက်အမှတ်အသားပြုနိုင်သည့် ဘာသာပြန်ဆိုထားသော မဲပေးလွှာများအား ပံ့ပိုးပေးရာတွင် California ၏ ပြည်နယ်လိုအပ်ချက်များထက် ပိုလွန်၍ ပံ့ပိုးပေးထားပါသည်။
ကျွန်ုပ်တို့ ပံ့ပိုးပေးထားသော ဘာသာစကားများ
Los Angeles ကောင်တီသည် လက်ရှိတွင် ရွေးကောက်ပွဲပစ္စည်းများနှင့် စကားပြောပုံစံအကူအညီ အစရှိသည်တို့ကို ကျွန်ုပ်တို့၏ ဟော့လိုင်းများမှတဆင့် ထောက်ပံ့ပေးထားလျက်ရှိပြီး၊ မဲစင်တာများတွင်လည်း အင်္ဂလိပ်ဘာသာအပြင် အောက်ပါဘာသာစကားများဖြင့် ကူညီထောက်ပံ့ပေးထားပါသည်-
အာမေးနီးယန်း | ဘင်္ဂါလီ | မြန်မာ | တရုတ် | ကမ္ဘောဒီးယား/ခမာ | ဖာစီ | ဖိလစ်ပိုင်/တဂလော့ | ဂူဂျာရတီ | ဟင်ဒီ| အင်ဒိုနီးရှား | ဂျပန် | ကိုရီးယား | မွန်ဂိုးလီးယား | ရုရှား | စပိန် | တီလူဂူ | ထိုင်း | ဗီယက်နမ်
သတ်မှတ်ထားသော မဲစင်တာများတွင် ဖုန်းနှင့် လူကိုယ်တိုင်အကူအညီရယူလိုမှုများအတွက် မုံ၊ လာအို၊ နီပေါ၊ ပန်ချာပီနှင့် အူရဒူ စသော ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။
မည်သို့ အကူအညီရယူနိုင်မည်နည်း
ကျွန်ုပ်တို့၏ ဘာသာစကားအကူအညီပေးရေး ဟော့လိုင်းသို့ ဖုန်းခေါ်ဆိုပါ
မေးစရာ မေးခွန်းရှိပါသလား။ ကျွန်ုပ်တို့၏ ဘာသာစကား 23 မျိုးအထဲမှ တစ်မျိုးမျိုးဖြင့် အကူအညီရယူရန်အတွက် ကျွန်ုပ်တို့ထံ ဖုန်းခေါ်ဆိုပါ။
အထွေထွေ ဘာသာစကား အကူအညီပေးရေး ဟော့လိုင်း- (800) 815-2666 လိုင်းခွဲ 3 သို့မဟုတ် သင်လိုချင်သော ဘာသာစကားဖြင့် တိုက်ရိုက်ဖုန်းခေါ်ဆိုပါသည်-
| ဘာသာစကား |
တိုက်ရိုက်နံပါတ် |
| Armenian/ՀԱՅԵՐԵՆ |
213-358-2712 |
| Bengali/ বাংলা |
213-374-3652 |
| Burmese/ မြန်မာစာ |
213-374-3655 |
| Chinese Cantonese/廣東話 |
213-358-2713 |
| Chinese Mandarin/國語 |
213-358-2714 |
| Farsi/ فارسی |
213-358-2721 |
| Filipino/Tagalog |
213-358-2701 |
| Gujarati/ ગુજરાતી |
213-374-3667 |
| Hindi/ हिन्दी |
213-358-2732 |
| * Hmong/Hmoob |
|
| Indonesian/Bahasa |
213-374-3694 |
| Japanese /日本語 |
213-358-2733 |
| Khmer/Cambodian /ខ្មែរ/កម្ពុជា |
213-358-2734 |
| Korean/한국어 |
213-358-2738 |
| * Lao/ ລາວ |
|
| Mongolian/Монгол |
213-374-3767 |
| * Nepali/ नेपाली |
|
| * Punjabi/ ਪੰਜਾਬੀ |
|
| Russian/Русский |
213-358-2765 |
| Spanish/Español |
213-358-2770 |
| Telugu/తెలుగు |
213-374-3861 |
| Thai/ภาษาไทย |
213-358-2202 |
| *Urdu/ اردو |
|
| Vietnamese/Tiếng Việt |
213-358-2206 |
*၎င်းတို့သည် LA ကောင်တီမှ လက်တလော အသစ်ထပ်မံထည့်သွင်းထားသည့် ဘာသာစကားများဖြစ်ပြီး စကားပြောပုံစံဖြင့် ကူညီပံ့ပိုးပေးနေပါသည်။
Los Angeles ကောင်တီ ဘာသာစကားပေါင်းစုံ မဲဆန္ဒရှင်ဝန်ဆောင်မှုများအစီအစဥ်ကို ဘာသာစကားအကူအညီ လိုအပ်သော မဲဆန္ဒရှင်များအား ဝန်ဆောင်မှုပေးရန် တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မဲဆန္ဒရှင်များ၏ ခေတ်ရေစီးကြောင်းများကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ နည်းပညာတိုးတက်မှုများပြုလုပ်ခြင်း၊ မဲဆန္ဒရှင်များနှင့် ကျွန်ုပ်တို့၏ ရပ်ရွာဆက်သွယ်ရေးမိတ်ဖက်များထံတို့မှ တုန့်ပြန်ချက်ကို နားထောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အစီအစဥ်များနှင့် ဝန်ဆောင်မှုများကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်နေပါသည်။ အောက်ပါဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးအပ်ထားပါသည်-
ဘာသာပြန်ဆိုထားသော ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအား တောင်းဆိုပါ
သင်သည် ရွေးကောက်ပွဲဆိုင်ရာ အကူအညီရယူနိုင်ရန်အတွက် ဘာသာစကား 18 မျိုးထဲမှ တစ်မျိုးမျိုးဖြင့် တောင်းဆိုနိုင်သည်- အာမေးနီးယန်း၊ ဘင်္ဂါလီ၊ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား/ခမာ၊ ဖာစီ၊ ဖိလစ်ပိုင်/တဂလော့၊ ဂူဂျာရာတီ၊ ဟင်ဒီ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုးလီးယား၊ ရုရှား၊ စပိန်၊ တီလူဂူ၊ ထိုင်း၊ ဗီယက်နမ်
သင်သည် မဲဆန္ဒရှင်အသစ်တစ်ယောက် ဖြစ်ပါသလား။ မဲပေးရန် မှတ်ပုံတင်မထားရသေးပါက မဲဆန္ဒရှင်မှတ်ပုံတင်ခြင်းပုံစံအသစ်ကို ဖြည့်စွက်ပြီး တင်သွင်းပါ။ ဤနေရာတွင် အွန်လိုင်းမှ လျှောက်ထားနိုင်ပါသည်။
မဲပေးရန် မှတ်ပုံတင်ထားပြီးသားဖြစ်ပါကလည်း ဘာသာစကား ဦးစားပေးမှုကို အပြောင်းအလဲလုပ်နိုင်ရန် ဤနည်းလမ်းများထဲမှ တစ်ခုခုဖြင့် တောင်းဆိုနိုင်ပါသည်
- ဤနေရာတွင် အွန်လိုင်းဘာသာစကားတောင်းဆိုမှုပုံစံအား ဖြည့်စွက်ပါ-
- သင်၏ နမူနာမဲပေးလွှာစာအုပ်၏ နောက်ဘက်ရှိ ဘာသာစကားတောင်းဆိုမှုပုံစံကို ဖြည့်စွက်ပြီး ပြန်ပို့ပါ။
- ဘာသာစကားအကူအညီပေးရေး ဟော့လိုင်း (800) 815-2666 လိုင်းခွဲ 3 သို့ ဖုန်းခေါ်ဆိုပါ
သင်၏ ဘာသာစကားဦးစားပေးမှုကို သတ်မှတ်ပြီးသည်နှင့်တပြိုင်နက် သင်၏ စာတိုက်မှမဲပေးခြင်း မဲပေးလွှာနှင့် နမူနာမဲပေးလွှာစာအုပ်တစ်အုပ်တို့ကို ရရှိမည်ဖြစ်ပြီး ၎င်းတွင် သင်မဲပေးနိုင်သည့် ရက်များနှင့် နည်းလမ်းများအကြောင်းစသော အချက်အလက်များ၊ ကိုယ်စားလှယ်လောင်းပြိုင်ပွဲများစာရင်း၊ စီမံချက် အချက်အလက်များပါဝင်မည်ဖြစ်ပြီး၊ နောင်အနာဂတ် ရွေးကောက်ပွဲတိုင်းတွင် ဘာသာပြန်ဆိုထားသော အချက်အလက်များကို အလိုအလျောက် ရရှိမည်ဖြစ်သည်။
မဲစင်တာများတွင် ဘာသာစကားနှစ်မျိုးဖြင့် အကူအညီပေးခြင်း
သင်သည် Los Angeles ကောင်တီရှိ မည်သည့်မဲစင်တာ၌မဆို မဲပေးနိုင်ပြီး သင့်ဘာသာစကားဖြင့် အကူအညီရယူရန်အတွက် တောင်းဆိုနိုင်ပါသည်။
- မဲစင်တာများရှိ မဲပေးလွှာအမှတ်အသားပြုကိရိယာများသည် သင်၏မဲပေးလွှာကို ဘာသာစကား 18 မျိုးဖြင့် ကြည့်ရှုနားထောင်နိုင်စေပါသည်
- ရပ်ရွာအသိုင်းအဝိုင်း ဘာသာစကားလိုအပ်ချက်များအပေါ် အခြေခံ၍ အကူအညီများပံ့ပိုးနိုင်ရန်အတွက် မဲစင်တာများသို့ ဘာသာစကားနှစ်မျိုးပြောတတ်သော ရွေးကောက်ပွဲဝန်ထမ်းများအား ခန့်အပ်ထားပါသည်
မဲစင်တာများနှင့် လူကိုယ်တိုင်မဲပေးခြင်း ရွေးချယ်စရာများအကြောင်း ပိုမိုလေ့လာရန်။
သင့်မဲပေးလွှာကို အွန်လိုင်းတွင် ရှာဖွေစစ်ဆေးကြည့်ရှုပါ
မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲနေ့ မတိုင်မီ ၎င်းတို့၏ မဲပေးလွှာအား အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်ပါသည်။ သင့်ဖုန်းတွင် သင်၏ရွေးချယ်မှုများကို ကြိုတင်ကြည့်ရှုရန် အပြန်အလှန်တုံ့ပြန်နိုင်သော နမူနာမဲပေးလွှာအား အသုံးပြုပါ - ထို့နောက် သင်၏ရွေးချယ်မှုများကို မဲစင်တာသို့ ယူဆောင်သွားပါ။
အပြန်အလှန်တုံ့ပြန်နိုင်သော နမူနာမဲပေးလွှာအကြောင်း ပိုမိုလေ့လာရန်။
အခြားမဲဆန္ဒရှင်များအား ကူညီလိုပါသလား။
အင်္ဂလိပ်ဘာသာစကားနှင့် ကျွန်ုပ်တို့ဝန်ဆောင်မှုပေးသော ဘာသာစကား 23 မျိုးအထဲမှ တစ်မျိုးမျိုးကို ပြောဆိုတတ်ပါက ရွေးကောက်ပွဲဝန်ထမ်းတစ်ဦး ဖြစ်လာရန် စဉ်းစားပါ။ ၎င်းသည် သင့်ရပ်ရွာအသိုင်းအဝိုင်းအား ဝန်ဆောင်မှုပေးရန် အဓိပ္ပာယ်ရှိသော နည်းလမ်းတစ်ခုဖြစ်သည်။
ရွေးကောက်ပွဲဝန်ထမ်းတစ်ဦးအဖြစ် လျှောက်ထားခြင်းအကြောင်း ပိုမိုလေ့လာပါ။
နောက်ထပ် အရင်းအမြစ်များ
ဌာနပိုင်းဆိုင်ရာ ဘာသာစကား အသုံးပြုခွင့် အစီအစဉ်
မှတ်ပုံတင်အရာရှိ-မှတ်တမ်းယူသူ/ကောင်တီစာရေးသည် ဌာနပိုင်းဆိုင်ရာ ဘာသာစကားအသုံးပြုခွင့်အစီအစဥ်အား ရေးဆွဲခဲ့ပြီး ကြီးကြပ်ရေးမှူးဘုတ်အဖွဲ့မှ ချမှတ်ထားသော ကောင်တီတစ်ဝှမ်း ဘာသာစကားအသုံးပြုခွင့်မူဝါဒနှင့်အညီ ရွေးကောက်ပွဲအစီအစဉ်များအား ဖော်ဆောင်ခဲ့သည်။ ဤအစီအစဉ်သည် ရွေးကောက်ပွဲအစီအစဉ်များအတွက် ဘာသာစကားအသုံးပြုခွင့်အပေါ် ဌာန၏ ကတိကဝတ်ကို ပေါ်လွင်စေခဲ့သည်။ ကျွန်ုပ်တို့သည် အတားအဆီးများလျှော့ချခြင်း၊ အသုံးပြုခွင့်တိုးမြှင့်ခြင်းနှင့် လွတ်လပ်စွာမဲပေးသည့်အတွေ့အကြုံကို ဖန်တီးပေးခြင်းဖြင့် ဤကတိကဝတ်ကို ဆောင်ရွက်ပါသည်။
- ကျွန်ုပ်တို့၏ ဌာနပိုင်းဆိုင်ရာ ဘာသာစကားအသုံးပြုခွင့် အစီအစဉ်ကို မိတ္တူကူးယူနိုင်ရန် ဒေါင်းလုဒ် လုပ်ပါ။
- ဘာသာစကား 18 မျိုးဖြင့်ဖော်ပြပေးထားသော ဝေါဟာရများ